◾လူ့အခွင့်အရေးချိုးဖောက်မှုတွေကို တပ်မတော်က ကျူးလွန်တာဖြစ်ပြီး အင်းဒင်နဲ့ ဂူတာပြင်လိုကိစ္စမျိုးတွေကို ဝန်ခံထားသလို အရေးယူမှုတွေလုပ်ခဲ့ကြောင်းနဲ့ အစိုးရဘက်က အဲဒီလို ချိုးဖောက်မှုတွေ မရှိခဲ့ဘူးလို့ နိုင်ငံတကာမှာ အမြဲငြင်းဆန်ခဲ့တယ်လို့ Fortify Rights အဖွဲ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကျွမ်းကျင်သူ နစ်ကီဒိုင်းမွန်းက ပြောပါတယ်။
◾ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အခုလို သွားရောက်ဖြေရှင်းတာဟာ NLD နဲ့စစ်တပ်ရဲ့ ရင်ကြားစေ့ရေး အတွက် စစ်တပ်ကိုကာကွယ်တဲ့ဘက်ကနေရပ်တည်ပြီး ရှေ့ဆက်နေတာဖြစ်တယ်လို့ နစ်ကီဒိုင်းမွန်းက သုံးသပ်ထားပါတယ်။
◾“ပြည်တွင်းကိုရွေးချယ်တာမဟုတ်ဘူး။ သူ့ကိုယ်သူပဲ ရွေးချယ်လိုက်တာလို့ မြင်တယ်။ တစ်ချိန်လုံးဒေါ်စုအနေနဲ့ ဘာပြောနေလဲဆိုရင် လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စစ်တပ်က ချိုးဖောက်တာတွေကို အမြဲကာကွယ်ပြီးပြော နေတယ်။ ဒီလုပ်ရပ်က စစ်တပ်ကို အမြဲတမ်းကာကွယ်ပေးနေတယ်။ ချိုးဖောက်မှုတွေကို အမြဲတမ်းရှေ့ကနေ ပြီးတော့ ကာဗာလုပ်မယ်ဆိုတဲ့ သဘောမျိုးဖြစ်နေတဲ့အခါ သူ့အနေနဲ့ စစ်တပ်ကိုကာကွယ်တဲ့ ဘက်ကနေရပ်တည် ပြီးတော့ပဲ ရှေ့ဆက်သွားမှာလို့ပဲ မြင်တယ်။ အဲဒီလုပ်ရပ်က ကျွန်တော်ထင်တာကတော့ ပြည်တွင်းက ပြည်သူ လူထုကို ရွေးချယ်တာမဟုတ်ဘူး။”
(Fortify Rights အဖွဲ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကျွမ်းကျင်သူ နစ်ကီဒိုင်းမွန်း)
ICJ သွားမယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့ မတူညီတဲ့ သုံးသပ်မှုများ
RFA
Crd
