News Highlights
Thursday, March 25, 2021
ဘယ်နိုင်ငံမှမရှိသောအမိန့်များ...
၁။ လေးဂွတွေ့ရင်ဖမ်းမယ်။
၂။ အုတ်၊ သဲ၊ ကျောက် ရောင်းရင်ဖမ်းမယ်။
၃။ ဝါးကပ်ရောင်းရင် ဖမ်းမယ်။
၄။ ကိုယ့်ဆိုင် ကိုယ်မဖွင့်ရင် ဖမ်းမယ်။
၅။ ကိုယ့်လမ်း၊ ကိုယ့်ရပ်ကွက်လုံခြုံရေးအတွက် ကင်းစောင့်ရင် ဖမ်းမယ်။
၆။ ကိုယ့်ငွေကိုယ်ထုတ်တာ ဘဏ်ကိုစောဒကတက်ရင် ဖမ်းမယ်။
၇။ ပုဂ္ဂလိကဝန်ထမ်းတွေ အလုပ်မဆင်းရင် ဖမ်းမယ်။
ကမ္ဘာပေါ်ကဘယ်နိုင်ငံတွေမှာ ဒီလိုကပေါက်တိ ကပေါက်ချာ အူကြောင်ကြောင်ဥပဒေမျိုး ရှိလဲ၊ စစ်အာဏာရှင်လက်ထက်မှာ အကြောင်းအကျိုးညီညွတ်မှုနဲ့ တရားဥပဒေဆိုတာ မရှိဘူး။
နောင်ဆို ထီမထိုးရင်ဖမ်းမယ်တို့၊ MWD, MRTV မကြည့်ရင် ဖမ်းမယ်တို့တောင် လုပ်လာနိုင်သေး ...။
#သက်ငြိမ်