စစ်ကောင်စီ၏ အဖွဲ့ဝင်များ အိမ်ပေါ်တက်၍ ပစ်ခတ်မှုကြောင့် သေဆုံးသွားရသည့် ကလေးငယ်
မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ် ထွန်တုံးရပ်ကွက်အတွင် စစ်ကောင်စီ လက်အောက်ခံ လက်နက်ကိုင် တပ်ဖွဲ့ဝင်များက ပစ်ခတ်မှုကြောင့် ၇ နှစ်အရွယ် မိန်းကလေးငယ်တဦး သေဆုံးခဲ့ရသည်။
လက်နက်ကိုင် တပ်ဖွဲ့ဝင်များ သည် ထွန်တုံးရပ်ကွက်အတွင်း ပစ်ခတ်ရင်း မိန်းကလေးငယ်၏ နေအိမ်ကို ဝင်ရောက်လာစဉ် ကြောက်ရွံစိတ်ဖြင့် ဖခင် ဖြစ်သူ ရင်ထဲတိုးဝင်နေသည့် အဆိုပါ ကလေးငယ်ကိုပါ ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ကလေးငယ်ကို လက်နက်ကိုင် အဖွဲ့ဝင်များက ပစ်ခတ်သတ်ဖြတ်ခဲ့သည့် အခြေအနေ၊ အလောင်းလုရန် ကြိုးပမ်းခံရမှုများကို သိရှိနိုင်ရန် ကလေးငယ်၏ အစ်မဖြစ်သူကို ဧရာဝတီသတင်းဌာနက ဆက်သွယ် မေးမြန်းထားပါသည်။
မေး။ ။ မနေ့က ညနေပိုင်းက အစ်မတို့ အိမ်မှာ ဘယ်လိုဖြစ်သွားတာလဲ။ အဲဒီအခြေအနေကို အရင်ပြောပြပေးပါဦး။
ဖြေ။ ။ မနေ့က ၃ နာရီခွဲ၊ ၄ နာရီလောက်မှာ စစ်သားတွေ ဝင်လာတယ်။ ဆိုင်ကယ် ၁ စီးကို ၃ ယောက် သေနတ်တွေနဲ့ ဝင်လာတယ်။ ဟိုအိမ်ဝင် ဒီအိမ်ဝင် ဝင်လာပြီးတော့ အိမ်တွေကို တံခါးဖွင့် ဆိုပြီး ပြောတယ်။ သူတို့ကို ကြောက်တော့ အိမ်တွေက တံခါးတွေ အကုန်ပိတ်တာပေါ့။ အိမ်ကိုလည်း တံခါးပိတ်ပြီးတော့ အိမ်ပေါ်တက်ပြီး နေတာ။