(၂)ကာကွယ်ရေးဝန်ကြီး ဦးဘဆွေက ၁၉၅၉ နိုဝင်ဘာ ၃ရက်နေ့ နဲ့ ၄ ရက်နေ့မှာ ဘူးသီးတောင်နဲ့ မောင်တောမှာကျင်းပတဲ့ လူထုအစည်းအဝေးမှာ ရိုဟင်ဂျာများဟာ ကချင်၊ ကယား၊ ကရင်၊ မွန်၊ ရခိုင်နဲ့ ရှမ်းတွေလိုပဲ နိုင်ငံသားအခွင့်အရေးအပြည့်အဝ ရရှိကြသူများဖြစ်တယ်လို့ ပြောဆိုခဲ့တယ်။
(၃)၁၉၆၁ မေလ(၁၅)ရက်ကနေ ၁၉၆၅ အောက်တိုဘာလ (၃၀) ရက်အထိ မြန်မာ့ရေဒီယို၊ တိုင်းရင်းသားအစီအစဉ်ကနေ တစ်ပတ်ကိုသုံးကြိမ် ရိုဟင်ဂျာဘာသာ နဲ့ထုတ်လွှင့်ခဲ့ပါသေးတယ်။
(၄)၁၉၆၄ ခုနှစ်မှာ ထုတ်ဝေတဲ့ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉) စာမျက်နှာ ၈၉-၉၀ မှာ ရခိုင်ပြည်မြောက်ပိုင်း ဘူးသီးတောင်၊ မောင်တောနဲ့ ရသေ့တောင်တို့မှာ ရှိတဲ့ လူဦးရေငါးသိန်းမှာ ရိုဟင်ဂျာလူဦးရေဟာ ၇၅% ဖြစ်ကြောင်း ဖေါ်ပြထားပါတယ်။
(၅)၁၉၆၁ ဇူလိုင်လမှာ ထုတ်ဝေတဲ့ တပ်မတော်ခေတ်ရေးဂျာနယ် အတွဲ(၁၂) အမှတ်(၆) ဘူးသီးတောင်၊ မောင်တောနဲ့ ရသေ့တောင်မှာလူများစုနေထိုင်ကြသူများဟာ ရိုဟင်ဂျာ တိုင်းရင်းသားများဖြစ်ပြီး ရခိုင်၊ဒိုင်းနက်၊ မြိုနဲ့ခမီများဟာ လူနည်းစုဖြစ်ကြောင်း ဖေါ်ပြထားပါတယ်။
(၆)ရန်ကုန်တက္ကသိုလ်မှာ ၁၉၅၉-၁၉၆၁ အထိ ရိုဟင်ဂျာကျောင်းသားအစည်းအရုံး ဆိုတာရှိခဲ့ပါတယ်။ တရားဝင်မှတ်ပုံတင်အမှတ် ၁၁၃/၅၉ နဲ့ ၁၉၅၉ ဒီဇင်ဘာမှာ ဖွဲ့စည်းရန် ခွင့်ပေးခဲ့တာဖြစ်ပါတယ်။
(၇)၁၉၇၈ မှာထုတ်ဝေတဲ့ အထက်တန်းပထဝီဝင်စာအုပ်မှ ရခိုင်ပြည်မြောက်ပိုင်းဟာ ရိုဟင်ဂျာနယ်မြေဖြစ်ကြောင်း စာမျက်နှာ(၈၆)မှာ ဖေါ်ပြထားပါတယ်။
(၈)၁၉၃၅ ခုနှစ်မှာ မြန်မာကိုအိန္ဒိယကခွဲပြီး ဒိုင်အာခီ (၉၁ ဌာန အုပ်ချုပ်ရေး) အုပ်ချုပ်ရေးဆိုတာရှိခဲ့ပါတယ်။ လွှတ်တော်ထဲမှာ ၁၃၂ နေရာဟာ တိုင်းရင်းသားနေရာဖြစ်ပြီး ဦးဂါနီမာကန် ဟာ ရိုဟင်ဂျာကိုယ်စားလှယ်ဖြစ်ခဲ့ပါတယ်။
(၉)ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်ပါဝင်တဲ့ ၁၉၄၇-ခုဖွဲ့စည်းပုံရေးဆွဲအဖွဲ့မှာတော့ ရိုဟင်ဂျာကိုယ်စားလှယ်နှစ်ဦးပါခဲ့ပါတယ်။ ဦး အဘူလ်ဂါဖါ( ဘူးသီးတောင်)နှင့် ဦး ဆူလ်တန် အားမ်( မောင်တော)ဖြစ်ပါတယ်။
(၁၀)ဗမာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ် ၁၉၇၄ ခုနှစ်မှာတော့ ဦးအဘူလ် ဟူစိန်က ဘူးသီးတောင်ကိုယ်စားလှယ်၊ ဦးအဗ်ဒူ ရာဟင်က မောင်တောကိုယ်စားလှယ်ပါ။
(၁၁)၁၉၉၀ ပါတီစုံရွေးကောက်ပွဲမှာ ဦးကျော်မင်း၊ ဦးတင်မောင်၊ ဦးချစ်လွင်နှင့်ဦးဖေါ်ဇောလ် National Democratic Party for Human Rights (NDPH) ပါတီဘူးသီးတောင်နဲ့ မောင်တောကိုယ်စားလှယ်တွေဖြစ်ခဲ့ပါတယ်။ ဦးကျော်မင်းသည်NLDကဦးဆောင်ပြီး ဖွဲ့ခဲ့တယ် CRPP ပါလီမန်အဖွဲဝင်တောင်ဖြစ်ခဲ့ပါသေးတယ်။
(၁၂)၂၀၁၂ ခုနှစ် ပညာရေးဝန်ကြီးဌာနထုတ် ရန်ကုန်အဝေးသင်တက္ကသိုလ် ပထမနှစ် ပထဝီစာအုပ် Module No.Geog 1004-Geography of Myanmar(For History Students)Code No.(19)Chapter-4 စာမျက်နှာ(83)တွင် Ancient Culture သင်ခန်းစာ၏စာမျက်နှာ (94)တွင် "ရခိုင်ပြည်နယ်မြောက်ပိုင်း ဘင်္ဂလားဒေ့ရှ်နှင့် ဆက်စပ်လျှက်ရှိသော ဘူးသီးတောင် မောင်တော တွင်လည်း' ရိုဟင်ဂျာများနှင့်စစ်တကောင်းသားများ' နေထိုင်ကြကြောင်း"ရေးသားဖော်ပြထားပါသည်။
(၁၃)2009-ခုနှစ် နေပြည်တော် ပုံနှိပ်ထုတ်ဝေရေး ကော်မတီမှထုတ်ဝေခဲ့သော ပြည်ထောင်စုမြန်မာ နိုင်ငံတော်အစိုးရ ယဉ်ကျေးမှု ဝန်ကြီးဌာန သမိုင်းသုတေသနဦးစီးဌာန မြန်မာ့ရက်စဉ်သမိုင်း(ဒုတိယတွဲ) စာမျက်နှာ ၁၄၀ တွင်"၁၄ မေ ၁၉၆၀ ရိုဟင်ဂျာ ကျောင်းသား/သူများ အသင်းချုပ်ဥက္ကဋ္ဌ ကိုရှာဟေ- အာလောမ်နှင့်အတွင်းရေးမှုးချုပ် မူဟာရှာဟိတ်လော ဟိမ် တို့က ရခိုင်ပြည်နယ်မြောက်ပိုင်း နယ်ခြားဒေသအုပ်ချုပ်ရေးကို ကြိုဆိုပြီး မူဂျာဟစ်သောင်းကျန်းသူများကို တိုက်ထုတ်ရေးနှင့် ပုဏ္ဏားကျွန်း ရသေ့တောင် ကျောက်တော် မြို့များ အလယ်ဗဟို၌ရှိသော စိန်တောင်သည် ရခိုင်ပြောက် ကျားတို့၏ဌာနချုပ်ဖြစ်၍ ၎င်းနယ်များကိုပါ နယ်ခြား ဒေသအုပ်ချုပ်ရေး တွင်ထည့်သွင်းရေးကို သတင်း ထောက်များအားပြောကြားသည်။"ဟုဖော်ပြပါသည်။
(၁၄)မြန်မာ့သမိုင်းဖြစ်ရပ်အမှန်များ ရေးသားပြုစုရေးအဖွဲ့က စိစစ်ထုတ်ဝေထားတဲ့ စာအုပ်တစ်အုပ်ပါ။
စာ- ၁၂၈ တွင် “ရိုဟင်ဂျာမူဆလင်အဖွဲ့”ဟူ၍၎င်း၊ စာ-၂၁၉ တွင် “ရန်ကုန်တက္ကသိုလ် ရိုဟင်ဂျာအသင်း” ဟူ၍၎င်း “ရိုဟင်ဂျာအမျိုးသား တို့” ဟူ၍၎င်း ဖော်ပြပါရှိပါသည်။
အကယ်၍ “ရိုဟင်ဂျာ”မရှိဟု ဆက်လက်ငြင်းဆိုလိုပါက မြန်မာ့သမိုင်းဖြစ်ရပ်အမှန်များ ရေးသားပြုစုရေးအဖွဲ့က စိစစ်ထုတ်ဝေသည့် မြန်မာ့နိုင်ငံရေးသမိုင်းစာအုပ်များသည် မမှန်ကန်ကြောင်း တရားဝင်ကြေညာပေးပါ။
စာအုပ်အမည် = ၁၉၅၈ - ၁၉၆၂ မြန်မာ့နိုင်ငံရေး တတိယတွဲ
ပြုစုသူ = ဦးကျော်ဝင်း၊ ဦးမြဟန်နှင့် ဦးသိန်းလှိုင်
စိစစ်သူ = မြန်မာ့သမိုင်း ဖြစ်ရပ်အမှန်များ ရေးသားပြုစုရေးအဖွဲ့
ခုနှစ် = ၁၉၉၁ ခုနှစ်၊ ဇွန်လ (ပထမပုံနှိပ်ခြင်း)
စာတည်းသူ = ဦးမြင့်ကြည်၊ ညွှန်ကြားရေးမှူး၊ မြန်မာစာအဖွဲ့ဦးစီးဌာန , ဦးထွန်းတင့်၊ စာတည်းမှူးချုပ်၊ မြန်မာစာအဖွဲ့ဦးစီးဌာန
ပုံနှိပ်ထုတ်ဝေသူ = ဦးစိုးမြင့်၊ မန်နေဂျာ၊ တက္ကသိုလ်များပုံနှိပ်တိုက်
ခွင့်ပြုချက်အမှတ် = နိုင်ငံရေးဆိုင်ရာ စာပေခွင့်ပြုချက်အမှတ် (၃၆၉၉)
(၁၅) ၀၁·၁၀·၁၉၅၀ ရက်စွဲပါ တိုင်းပြုပြည်ပြုလွှတ်တော်(ပါလီမန်) မှတ်တမ်း စာတွဲ(၁၄) အမှတ်(၂၄) စာမျက်နှာ ၁၂၄၅ နှင့် ၁၂၄၆ တွင် မေးမြန်းချက်ကို ပါလီမန် အတွင်းဝန်(ဦးမောင်မောင်စိုး)ဖြေကြားသည့် အမေး/အဖြေကို မော်ကွန်းတင်ထားသည်။
ထိုမှတ်တမ်းတွင် "ရိုဝိန်းဂျာ(Ruwangya) ၆၀၀၀ခန့် အရှေ့ပါကစ္စတန်(ယခု ဘင်္ဂလားဒေ့ရှ်နိုင်ငံ) နိုင်ငံသားများခံယူသွားကြောင်း နှင့် ယနေ့အထိ မောင်းတော၌ ဒုက္ခသည် ၅၂၀၂ ယောက်ရှိနေကြောင်းဖြေဆိုထားပါသည်။"
#တိုင်းပြုပြည်ပြုလွှတ်ဆိုတာနိုင်ငံတော်၏အမြင့်ဆုံးနေရာရဲ့မော်ကွန်းတင်မှတ်တမ်းတွင် #ရိုဝိန်းဂျာRuwangya ဖော်ပြခြင်းကို လေ့လာကြည့်ပါ။
ဒီလိုတွေရေးလို့ အကြမ်းဖက်ထောက်ခံသူလို့ မမြင်စေချင်ပါဘူး။ အခုအကြမ်းဖက်မှုကိုလုပ်ဆောင်ခဲ့ကြသူတွေကို ဘယ်သူတွေအရေးပေးခဲ့ကြတာလဲ ၊ ဘယ်သူတွေအသိအမှတ်ပြုခဲ့ကြတာလဲဆိုတာကို သိစေချင်တာပါ။ ရွှေသမင်ဘယ်ကထွက် မင်းကြီးတာကထွက်ပါပဲ။
ပြီးတော့ လူမျိုးတစ်မျိုးလုံးကိုရမ်းပြီးသုတ်သင်ချင်နေတဲ့စိတ်ဓါတ်မျိုးကိုလည်း သတိထားကြဖို့ဖြစ်ပါတယ်။ အကြမ်းဖက်မှုကိုသာခြေမှုန်းဖို့ဖြစ်ပြီး ကိုယ်ကိုယ်တိုင်အကြမ်းဖက်သူအဖြစ်သို့ပြောင်းမသွားကြဖို့လည်း အထူးသတိထားကြစေချင်ပါတယ်။
ပြဿနာအားလုံးရဲ့တရားခံဟာ ဘယ်သူလဲဆိုတာကိုသိပြီး တရားသောနည်းနဲ့ဖြေရှင်းကြဖို့ဖြစ်ပါတယ်။
Crd#Kyaw Yarzar
By:
Ro Farid @ Mg Hla