Friday, October 2, 2020

တပ်မတော်၏ လူ့အခွင့်အရေးချိုးဖောက်မှုများတွင် တပ်မတော်၏ မြန်မာ့စီးပွားရေးဦးပိုင်ကုမ္ပဏီလီမီတက်နှင့် ၎င်း၏ စီးပွားရေးမိတ်ဖက်များဖြစ်သော ကုမ္ပဏီမ်ား

တပ်မတော်၏ လူ့အခွင့်အရေးချိုးဖောက်မှုများတွင် တပ်မတော်၏ မြန်မာ့စီးပွားရေးဦးပိုင်ကုမ္ပဏီလီမီတက်နှင့် ၎င်း၏ စီးပွားရေးမိတ်ဖက်များဖြစ်သော Posco ကုမ္ပဏီ၊ Kirin ကုမ္ပဏီ၊ ကမ္ဘောဇကုမ္ပဏီအုပ်စု၊ Everflow River ကုမ္ပဏီ၊ ဝမ်ပေါင်သတ္တုကုမ္ပဏီ၊ Inno Group ကုမ္ပဏီ နှင့် RMH Singapore ကုမ္ပဏီတို့ပါဝင်ကြောင်း နိုင်ငံတကာလွတ်ငြိမ်းချမ်းသာရေးအဖွဲ့ Amnesty International ကယနေ့ထုတ်ပြန်လိုက်သည်။ Kanbawza Group  ကျောက်စိမ်းနှင့် ပတ္တမြားလုပ်ငန်းများတွင် ဦးပိုင်နှင့်ဖက်စပ်လုပ်ကိုင်နေသည်မှာ ၁၉၉၄ ကမှစတင်ခဲ့သည်။ ဦးပိုင်နှင့် အဆက်ဖြတ်ရန် စတင်လုပ်ဆောင်နေပြီဟု Amnesty International အဖွဲ့အား အကြောင်းပြန်ထားသည်။Kirin ကုမ္ပဏီသည် ဂျပန်နိုင်ငံအခြေစိုက် အဖျော်ယမကာ စားသောက်ကုန်လုပ်ငန်းတစ်ခုဖြစ်ပြီး နိုင်ငံတကာတွင်လည်း လူသိများသောကုမ္ပဏီဖြစ်သည်။ မြန်မာဘီယာနှင့် မန္တလေးဘီယာများကိုထုတ်လုပ်နေသော Myanmar Brewery ကုမ္ပဏီနှင့် Mandalay Brewery ကုမ္ပဏီ တို့တွင် ၂၀၁၅ မှစ၍ ဦးပိုင်နှင့်ပူးတွဲ၍ စီးပွားရေးလုပ်ကိုင်နေသည်။
INNO Group
၁၉၉၁ တွင်တည်ထောင်ခဲ့သော Inno Group မှာ တောင်ကိုးရီးယားအခြေစိုက် ကုမ္ပဏီဖြစ်ပြီး မြန်မာပြည်တွင် စီးပွားရေးလုပ်ငန်းများလုပ်ကိုင်နေသည်မှာ ၁၄ နှစ်ရှိပြီဖြစ်သည်။ အထည်ချုပ်စက်ရုံတစ်ရုံ၊ အိမ်ယာလုပ်ငန်း၊ ပို့ဆောင်ဆက်သွယ်ရေးစီမံကိန်းတစ်ခုနှင့် ဂေါက်ကွင်းတစ်ခု၊ အပန်းဖြေဟိုတယ်တစ်လုံးအပါအဝင် စုစုပေါင်း လုပ်ငန်း ၁၃ မျိုးလုပ်ကိုင်နေပြီး၊ လုပ်ငန်း ၃ ခုမှာ ဦးပိုင်နှင့်ဖက်စပ်လုပ်ကိုင်ခြင်းဖြစ်သည်။
,
Pan-Pacific
၁၉၇၂ ခုနှစ်တွင် တည်ထောင်ခဲ့သော Pan-Pacific ကုမ္ပဏီသည် အဝတ်အထည်ထုတ်လုပ်ပြီး၊ ၎င်း၏ထုတ်ကုန်များအား ကမ္ဘာအနှံ့ တင်ပို့နေသည်။ ၂၀၁၂ တွင် ရန်ကုန်ရှိ အထည်ချုပ်လုပ်ငန်းတစ်ခုတွင် ဦးပိုင်နှင့်ဖက်စပ်ဝင်ရောက်လုပ်ကိုင်ခဲ့ပြီး ထိုလုပ်ငန်းတွင် ၅၅ ရာခိုင်နှုန်းရင်းနှီးမြုပ်နှံထားသည်။
Amnesty International အဖွဲ့ကြီးဆီသို့ Pan-Pacific ကပေးပို့သောစာတွင် ၎င်း၏ မြန်မာပြည်ရှိအထည်ချုပ်လုပ်ငန်းမှ ဦးပိုင်သည် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၇၅၀၀၀ ရရှိနေကြောင်း၊ ထိုပမာဏတွင် ဦးပိုင်အားအထည်ချုပ်စက်ရုံအတွက် ပေးရသော မြေငှားရမ်းခမပါရှိကြောင်းဖော်ပြထားသည်။ စီးပွားလုပ်ငန်းများတွင် ကျင့်ဝတ်ပိုင်းဆိုင်ရာတာဝန်ယူမှုနှင့် ပတ်သက်၍ သတင်းအချက်အလက်တောင်းခံမှုများအပေါ်ဦးပိုင်ဖက်က ပြန်လည်ဖြေရှင်းခဲ့ခြင်းမရှိသဖြင့် အထည်ချုပ်လုပ်ငန်းတွင်ရှိသော ဦးပိုင်၏အစုရှယ်ယာများအား စက်တင်ဘာ ၂၀၂၀ နောက်ဆုံးထားပြီး ဝယ်ယူပြီး ဦးပိုင်နှင့် အဆက်ဖြတ်တော့မည်ဟု ဖော်ပြထားသည်၊ သို့သော် ယခုအစီရင်ခံစာထုတ်ပြန်သည့်အချိန်ထိ ထိုအခြေအနေမဖြစ်ထွန်းသေးပေ။
POSCO
၁၉၆၈ တွင်တည်ထောင်ခဲ့သော ကိုးရီးယားနိုင်ငံအခြေစိုက် Posco ကုမ္ပဏီသည် ကမ္ဘာပေါ်တွင် အကြီးမားဆုံး သံမဏိထုတ်လုပ်သည့် ကုမ္ပဏီတစ်ခုဖြစ်သည်။ Myanmar Posco & CC ကုမ္ပဏီနှင့် Myanmar Posco ကုမ္ပဏီများတွင် ဦးပိုင်နှင့် ဖက်စပ်လုပ်ကိုင်နေသည်။
RMH Singapore
စင်ကပူအခြေစိုက် RMH Singapore သည် မြန်မာနိုင်ငံရှိ စီးကရက်ထုတ်လုပ်သည့် Virginia Tobacco ကုမ္ပဏီတွင် ဦးပိုင်နှင့် ဖက်စပ်လုပ်ကိုင်နေသည်။
Wanbao Mining တရုတ်နိုင်ငံအခြေစိုက် ဝမ်ပေါင်သတ္ထုတူးဖော်ရေးကုမ္ပဏီသည် မုံရွာရှိ လက်ပံတောင်းတောင်၊ စံပယ်တောင်၊ ကြေးစင်တောင်သတ္ထုတွင်းများတွင် ဦးပိုင်နှင့် ၂၀၁၁ မှစ၍ ဖက်စပ်လုပ်ကိုင်နေသည်။
Ever Flow River Group
Ever Flow River Group ကုမ္ပဏီသည် ရန်ကုန်ရှိကုန်းတွင်း ဆိပ်ကမ်းစီမံကိန်းတစ်ခုတွင် ဦးပိုင်နှင့်အတူ ရင်းနှီးမြုပ်နှံထားသည်။
သတင်းအသေးစိတ်အား မကြာမီဆက်လက်ဖော်ပြသွားပါမည်။