နဂို မရှိတဲ့အရှက် ထပ်မံကွဲခံရ -
- တနေ့ က မြန်မာသံအမတ် ဦးကျော်တင့်ဆွေက ကုလသမဂ္ဂ အထွေထွေညီလာခံ အစည်းအ၀ေးမှာ - ရိုဟင်ဂျာ ဒုက္ခသည်စခန်းမှာ အကြမ်းဖက်သမားတွေကို ဘင်္ဂလားဒေ့ရှ်အစိုးရက လက်ခံထားတယ်ဆိုပြီး ပြစ်တင်ပြောဆိုတယ်။
ဒီစွပ်စွဲချက်ပေါ်မှာ ဘင်္ဂလားဒေ့ရှ်သံအမတ်က ဘယ်လို တုံပြန်ပြောဆိုလဲ ဆိုရင် ...
မြန်မာအစိုးရအနေနဲ့  အကြမ်းဖက်သမား မြင်ချင်ရင် ကိုယ့်ကိုကိုယ် မှန်ရှေ့ရပ်ပြီး ကြည့်ပါတဲ့ ...
ဆရာ ဦးသိန်းဝင်းရေးတဲ့ ဘာသာပြန်ဆိုချက်ကို အောက်မှာဖတ်ပါ။
------------
ကုလသမဂ္ဂ အထွေထွေညီလာခံတွင် ကော့စစ်ဘဇား ဒုက္ခသည် စခန်းများတွင် အကြမ်းဖက်သမားများကို လက်ခံထားသည်ဟု မြန်မာဘက်က လုပ်ကြံဖန်တီးလိမ်လည်ပြောဆို fabricate ခဲ့ကြောင်း၊ ဘင်းဂလားဒေ့ရှ်သည် မည်သည့်အကြမ်းဖက်သမားကိုမျှ လုံးဝလက်သင့်မခံ zero tolerance ကြောင်း၊ အကြမ်းဖက်သမား ကိုမြင်လိုလျှင် မြန်မာတို့သည်ကိုယ့်ကိုယ်ကိုယ်မှန်ထဲ ပြန်ကြည့်သင့်ကြောင်း Myanmar needs to look at its own mirror.
နေရပ်စွန့်ခွာသူများ ပြည်တော်ပြန်နိုင်ရေးအတွက် ၂နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး bilateral cooperation သည်သာ အဖြေဖြစ်သည်ဟု ဝန်ကြီး (ဦး)ကျော်တင့်ဆွေက ညီလာခံတွင်ပြောဆိုခဲ့ကြောင်း၊ ယင်းကို မိမိတို့လက်မခံကြောင်း၊ ရိုဟင်ဂျာအရေးသည် မြန်မာ့ပြည်တွင်းရေးသာ ဖြစ်ကြောင်း၊ နှစ်နိုင်ငံအရေးမဟုတ်ကြောင်း၊ ရိုဟင်ဂျာအပါအဝင် လူနည်းစုများကိုညှဉ်းပန်းနှိပ်စက်ခြင်းသည် မြန်မာတို့အတွက် ထမင်းစားရေသောက်ကိစ္စ ဖြစ်ကြောင်း၊ ကိုယ့်ပြည်သူများကို ပြန်၍နှိပ်စက်ကလူပြုသည့် နိုင်ငံတော် မူဝါဒ state policyကြောင့် လက်နက်ကိုင်ပုန်ကန်မှုများနှင့် (မူးယစ်ဆေးဝါး) ရာဇဝတ်ဂိုဏ်းများ ထူပြောနေကြောင်း၊ယခုလည်း ကုလသမဂ္ဂ၏ အပစ်အခတ်ရပ်စဲရန် တောင်းဆို ချက်ကို လျစ်လျူရှုပြီးလျှင် ဂျင်နိုဆိုက်စစ်ဆင်ရေးကို ဆက်လက်ဆင်နွှဲနေကြောင်း၊ ရခိုင်ဒေသတွင် အခြေအနေအလွန်ဆိုးရွားနေသဖြင့် ရိုဟင်ဂျာတဦးတယောက်မျှ နေရပ်ပြန်ရန်ဆန္ဒ မရှိကြောင်း၊ကော့စစ်ဘဇားမှ ရိုဟင်ဂျာ ၃၅၀သည် မြန်မာဘက်သို့ မိမိသဘောနှင့်ပြန်လည်ဝင်ရောက်ပြီးဖြစ်သည်ဟု မြန်မာဘက်ကပြောဆိုကြောင်း၊ ထိုသူများအမှန်တကယ်ပြန်ရောက်သွားလျှင်မည်သည့်အရပ်ဒေသသို့ ရောက်ရှိနေသလဲဟု မိမိတို့ မေးခွန်း ထုတ်လိုကြောင်း၊ ICJ တွင်ထွက်ဆိုရာတွင် (ဒေါ်) အောင်ဆန်းစုကြည်က စစ်ရာ ဇဝတ်မှုများ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ ဖြစ်ပေါ်ခဲ့ပါကမြန်မာ့တရားရေးစနစ်က ထိထိရောက်ရောက် ဖော်ထုတ်အရေးယူမည်ဟု ကတိပေးခဲ့သော်လည်း ယခုအထိ ဘာမှ ဟုတ္တိ ပတ္တိ အရေးယူသည်ကိုမတွေ့ရကြောင်း၊ ပြသနာကို မြန်မာတို့ကသာ ဖန်တီးခဲ့ခြင်းဖြစ်ပြီးပြသနာ၏ အဖြေသည် မြန်မာ ပြည်တွင်းမှာသာရှိကြောင်း UNGA တွင်ဘင်းဂလားဒေ့်ရှ်ဘက်မှ ဆွေးနွေးပြောဆိုခဲ့သည်။
ဆြာ သိန်း