■ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်တဲ့ ပြစ်မှုတွေဟာ နိုင်ငံတော်က အားပေးကူညီထားတဲ့ လူမျိုးတုံးသတ်ဖြတ်မှုဖြစ်တဲ့အတွက်၊ မြန်မာအစိုးရအပေါ် ပေးအပ်နေတဲ့ ကူညီထောက်ပံ့မှု အားလုံးကို ဖြတ်တောက်တာအပါအဝင် ပြင်းထန်တဲ့ အရေးယူဆောင်ရွက်မှုတွေ ချမှတ်ဖို့ အမေရိကန်အောက်လွှတ်တော်အမတ် Ted Yoho က တိုက်တွန်းလိုက်ပါတယ်။
သြဂုတ်လ ၃ရက်နေ့က အွန်လိုင်းကနေ ကျင်းပတဲ့ အမေရိကန်အောက်လွှတ်တော် နိုင်ငံခြားရေးကော်မတီရဲ့ ရိုဟင်ဂျာအရေး ကြားနာစစ်ဆေးမှုအတွင်းမှာ အမေရိကန် အောက်လွှတ်တော် အမတ်တွေ တက်ရောက်ခဲ့ပြီး၊ ရိုဟင်ဂျာအရေး လှုပ်ရှားသူတွေနဲ့ အကူအညီပေးရေးအဖွဲ့တွေက တာဝန်ရှိသူတွေရဲ့ ထွက်ဆိုတင်ပြချက်တွေကို ကြားနာခဲ့ကြပါတယ်။
ဖလော်ရီဒါ ပြည်နယ်က အမေရိကန် အောက်လွှတ်တော် အမတ် Ted Yoho က အမေရိကန် နိုင်ငံ နဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းဟာ မြန်မာနိုင်ငံက ရိုဟင်ဂျာ အကျပ်အတည်း ပြေလည်စေဖို့ နည်းအမျိုးမျိုး သုံးခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူးလို့ ပြောသွားပါတယ်။
“မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တာဟာ နိုင်ငံတော်က အားပေးကူညီထားတဲ့ လူမျိုးတုံးသတ်ဖြတ်မှုဖြစ်ပါတယ်။ ကျွန်တော်တို့ အမေရိကန်နိုင်ငံဟာ ဒုတိယကမ္ဘာစစ်အတွင်း ဂျူးလူမျိုးတွေ လူမျိုးတုံး သတ်ဖြတ်ခံခဲ့ရတဲ့ ဟိုလိုကပ်စ် ဖြစ်ရပ်နောက်ပိုင်း ဘယ်နေရာမှာမှ အလားတူဖြစ်ရပ်မျိုး ထပ်မဖြစ်အောင် ကာကွယ်ဖို့ သံန္နိဌာန်ချထားခဲ့ပေမယ့် အခုချိန်မှာ မြန်မာနိုင်ငံက ရိုဟင်ဂျာတွေနဲ့ တရုတ်နိုင်ငံက ၀ီဂါ လူမျိုးတွေအပေါ်မှာ အလားတူ ကျူးလွန်ခံနေရာတာကို မတားဆီးနိုင်ဘဲ ဖြစ်နေပါတယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ ဒီထက်ပိုပြီး ပြင်းထန်တဲ့ လုပ်ဆောင်ချက်တွေ လုပ်ဖို့ လိုပါတယ်။ ဒီထဲက တစ်ခုကတော့ မြန်မာအစိုးရကို အမေရိကန်က ပေးအပ်နေတဲ့ အကူအညီအထောက်အပံ့ အားလုံးကို ရပ်ဆိုင်းလိုက်ဖို့ပါ။ အမေရိကန် ပြည်သူတွေဆီက ကောက်ခံထားတဲ့ အခွန်ဘဏ္ဍာငွေတွေကို ပြည်သူ တစ်သန်းကျော်လောက်ကို ဒုက္ခရောက်အောင် လုပ်ထားတဲ့ အစိုးရကို ကူညီဖို့ မသုံးသင့်ပါဘူး”
အခု ကိုရိုနာ ကပ်ရောဂါ ဖြစ်ပွားနေတဲ့ ကာလအတွင်းမှာ ရိုဟင်ဂျာ ဒုက္ခသည် စခန်းတွေထဲမှာ လိင်အခြေပြုအကြမ်းဖက်မှုတွေ တိုးပွားလာမှာကို စိုးရိမ်စရာကောင်းတဲ့အကြောင်း ရိုဟင်ဂျာ ဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ Refugee International အဖွဲ့က Eric Shwartz က ပြောပါတယ်။
အခုချိန်မှာ ရိုဟင်ဂျာ ဒုက္ခသည် စခန်းတွေ အတွင်းမှာ ကိုရိုနာ ရောဂါ ကူးစက်ခံထားရသူ အနည်းငယ်ပဲ ရှိသေးပေမယ့် စစ်ဆေးခံသူလဲ အနည်းငယ်ပဲ ရှိခဲ့ကြောင်း၊ ဘင်္ဂလားဒေ့ရှ် အစိုးရရဲ့ ကန့်သတ်ချက်တွေကြောင့် ရောဂါစစ်ဆေးမှုခံယူဖို့ ပိုမိုခက်ခဲစေပြီး အဆိုးဆုံးအခြေအနေကို မရောက်သေးဘူးလို့ ဆိုနိုင်ကြောင်း၊ မြန်မာနိုင်ငံဘက်မှာလည်း ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေ ပြန်လာဖို့ အခြေအနေ မရှိသေးတဲ့အပြင်၊ မြန်မာအစိုးရရဲ့ ကျူးလွန်မှုတွေဟာ အခြား တိုင်းရင်းသား လူမျိုးစုတွေကိုပါ တိုးချဲ့ လာနေကြောင်း၊ ပြောဆိုခဲ့ပြီး၊ အမေရိကန်နိုင်ငံခြားရေး ဌာနအနေနဲ့ မြန်မာအစိုးရကို လူမျိုးတုံးသတ်ဖြတ်မှုတွေအတွက် တာဝန်ရှိသူ အဖြစ် ကြေညာပေးဖို့ တောင်းဆိုလိုကြောင်း ပြောသွားပါတယ်။
ရိုဟင်ဂျာ အရေးလှုပ်ရှားသူ မဝေဝေနုကလည်း အမေရိကန် နိုင်ငံအနေနဲ့ ရိုဟင်ဂျာတွေကို ထိထိရောက်ရောက် ကူညီနိုင်ဖို့ အချက် ၇ ချက်ကို တောင်းဆိုခဲ့ပါတယ်။
- ရိုဟင်ဂျာ ဒုက္ခသည်တွေ မြန်မာနိုင်ငံကို ပြန်လာခွင့်ရပြီး၊ နိုင်ငံသားဖြစ်ခွင့် နဲ့ အခြား အခြေခံအခွင့်အရေးတွေ ပြန်ပေးဖို့နဲ့ နစ်နာဆုံးရှုံးမှုတွေအတွက် လျော်ကြေးပေးဖို့၊
- မြန်မာစစ်ခေါင်းဆောင်တွေ နဲ့ စစ်တပ်ပိုင်လုပ်ငန်းတွေကို စီးပွားရေး ပိတ်ဆို့မှု ချမှတ်ဖို့
- အမေရိကန်လွှတ်တော်အနေနဲ့ မြန်မာနိုင်ငံဆိုင်ရာ ဥပဒေ Burma Act ကို ပြဌာန်းပေးဖို့
- ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအတွက် နိုင်ငံတကာအဆင့် တရားရုံးတွေမှာ ကြားနာစစ်ဆေးဖို့ ကြိုးပမ်းအားထုတ်မှုတွေကို အမေရိကန်အစိုးရက ထောက်ခံဖို့၊
- လာမယ့် နိုဝင်ဘာ ရွေးကောက်ပွဲမှာ ရိုဟင်ဂျာတွေ ပါ၀င်မဲပေးခွင့်ရဖို့ မြန်မာအစိုးရကို တိုက်တွန်းပေးဖို့၊
- အမေရိကန်အစိုးရအနေနဲ့ မြန်မာနိုင်ငံက ဖြစ်ရပ်တွေကို လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် တရားဝင် သတ်မှတ်ခေါ်ဆိုဖို့၊
- ရိုဟင်ဂျာဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ အဖွဲ့အစည်းတွေအနေနဲ့ ဆုံးဖြတ်ချက်ချတဲ့ အဆင့်တိုင်းမှာ ကာယကံရှင် ဒုက္ခသည်တွေကို ခေါ်ယူတိုင်ပင်ပြီးမှ ဆုံးဖြတ်ဖို့စတဲ့ အချက် ၇ ချက်ကို တောင်းဆိုလိုကြောင်း ပြောသွားတာ ဖြစ်ပါတယ်။
မနေ့က ကျင်းပတဲ့ အမေရိကန်အောက်လွှတ်တော် ကြားနာစစ်ဆေးမှုမှာ အိုဟိုင်းဟိုးပြည်နယ်က အောက်လွှတ်တော်အမတ် စတိ ချာဗက်၊ Save the children အဖွဲ့၊ Heritage Foundation က တာဝန်ရှိသူတွေ တက်ရောက်ထွက်ဆိုခဲ့ကြပြီး၊ အမေရိကန် အောက်လွှတ်တော် အမတ်တွေက ရိုဟင်ဂျာတွေကို ကူညီဖို့ အမေရိကန်နိုင်ငံအနေနဲ့ လုပ်ဆောင်နိုင်မယ့် နည်းလမ်းတွေကို ဆွေးနွေးခဲ့ကြပါတယ်။
-Unicode
~~~~~
လူမ်ိဳးတုံးသတ္ျဖတ္မွုအတြက္ ျမန္မာအစိုးရကို ျပင္းျပင္းထန္ထန္အေရးယူဖို႔ ကန္ အမတ္တိုက္တြန္း
~~~~~
ရဲေခါင္ျမင့္ေမာင္
■ ျမန္မာနိုင္ငံမွာ ရိုဟင္ဂ်ာေတြအေပၚ က်ဴးလြန္တဲ့ ျပစ္မွုေတြဟာ နိုင္ငံေတာ္က အားေပးကူညီထားတဲ့ လူမ်ိဳးတုံးသတ္ျဖတ္မွုျဖစ္တဲ့အတြက္၊ ျမန္မာအစိုးရအေပၚ ေပးအပ္ေနတဲ့ ကူညီေထာက္ပံ့မွု အားလုံးကို ျဖတ္ေတာက္တာအပါအဝင္ ျပင္းထန္တဲ့ အေရးယူေဆာင္ရြက္မွုေတြ ခ်မွတ္ဖို႔ အေမရိကန္ေအာက္လႊတ္ေတာ္အမတ္ Ted Yoho က တိုက္တြန္းလိုက္ပါတယ္။
ၾသဂုတ္လ ၃ရက္ေန႔က အြန္လိုင္းကေန က်င္းပတဲ့ အေမရိကန္ေအာက္လႊတ္ေတာ္ နိုင္ငံျခားေရးေကာ္မတီရဲ့ ရိုဟင္ဂ်ာအေရး ၾကားနာစစ္ေဆးမွုအတြင္းမွာ အေမရိကန္ ေအာက္လႊတ္ေတာ္ အမတ္ေတြ တက္ေရာက္ခဲ့ၿပီး၊ ရိုဟင္ဂ်ာအေရး လွုပ္ရွားသူေတြနဲ႔ အကူအညီေပးေရးအဖြဲ႕ေတြက တာဝန္ရွိသူေတြရဲ့ ထြက္ဆိုတင္ျပခ်က္ေတြကို ၾကားနာခဲ့ၾကပါတယ္။
ဖေလာ္ရီဒါ ျပည္နယ္က အေမရိကန္ ေအာက္လႊတ္ေတာ္ အမတ္ Ted Yoho က အေမရိကန္ နိုင္ငံ နဲ႔ နိုင္ငံတကာ အသိုင္းအဝိုင္းဟာ ျမန္မာနိုင္ငံက ရိုဟင္ဂ်ာ အက်ပ္အတည္း ေျပလည္ေစဖို႔ နည္းအမ်ိဳးမ်ိဳး သုံးခဲ့ေပမယ့္ မေအာင္ျမင္ခဲ့ဘူးလို႔ ေျပာသြားပါတယ္။
“ျမန္မာနိုင္ငံမွာ ျဖစ္ပြားခဲ့တာဟာ နိုင္ငံေတာ္က အားေပးကူညီထားတဲ့ လူမ်ိဳးတုံးသတ္ျဖတ္မွုျဖစ္ပါတယ္။ ကၽြန္ေတာ္တို႔ အေမရိကန္နိုင္ငံဟာ ဒုတိယကမၻာစစ္အတြင္း ဂ်ဴးလူမ်ိဳးေတြ လူမ်ိဳးတုံး သတ္ျဖတ္ခံခဲ့ရတဲ့ ဟိုလိုကပ္စ္ ျဖစ္ရပ္ေနာက္ပိုင္း ဘယ္ေနရာမွာမွ အလားတူျဖစ္ရပ္မ်ိဳး ထပ္မျဖစ္ေအာင္ ကာကြယ္ဖို႔ သံႏၷိဌာန္ခ်ထားခဲ့ေပမယ့္ အခုခ်ိန္မွာ ျမန္မာနိုင္ငံက ရိုဟင္ဂ်ာေတြနဲ႔ တ႐ုတ္နိုင္ငံက ၀ီဂါ လူမ်ိဳးေတြအေပၚမွာ အလားတူ က်ဴးလြန္ခံေနရာတာကို မတားဆီးနိုင္ဘဲ ျဖစ္ေနပါတယ္။ ဒါေၾကာင့္ ကၽြန္ေတာ္တို႔အေနနဲ႔ ဒီထက္ပိုၿပီး ျပင္းထန္တဲ့ လုပ္ေဆာင္ခ်က္ေတြ လုပ္ဖို႔ လိုပါတယ္။ ဒီထဲက တစ္ခုကေတာ့ ျမန္မာအစိုးရကို အေမရိကန္က ေပးအပ္ေနတဲ့ အကူအညီအေထာက္အပံ့ အားလုံးကို ရပ္ဆိုင္းလိုက္ဖို႔ပါ။ အေမရိကန္ ျပည္သူေတြဆီက ေကာက္ခံထားတဲ့ အခြန္ဘ႑ာေငြေတြကို ျပည္သူ တစ္သန္းေက်ာ္ေလာက္ကို ဒုကၡေရာက္ေအာင္ လုပ္ထားတဲ့ အစိုးရကို ကူညီဖို႔ မသုံးသင့္ပါဘူး”
အခု ကိုရိုနာ ကပ္ေရာဂါ ျဖစ္ပြားေနတဲ့ ကာလအတြင္းမွာ ရိုဟင္ဂ်ာ ဒုကၡသည္ စခန္းေတြထဲမွာ လိင္အေျချပဳအၾကမ္းဖက္မွုေတြ တိုးပြားလာမွာကို စိုးရိမ္စရာေကာင္းတဲ့အေၾကာင္း ရိုဟင္ဂ်ာ ဒုကၡသည္ေတြကို အကူအညီေပးေနတဲ့ Refugee International အဖြဲ႕က Eric Shwartz က ေျပာပါတယ္။
အခုခ်ိန္မွာ ရိုဟင္ဂ်ာ ဒုကၡသည္ စခန္းေတြ အတြင္းမွာ ကိုရိုနာ ေရာဂါ ကူးစက္ခံထားရသူ အနည္းငယ္ပဲ ရွိေသးေပမယ့္ စစ္ေဆးခံသူလဲ အနည္းငယ္ပဲ ရွိခဲ့ေၾကာင္း၊ ဘဂၤလားေဒ့ရွ္ အစိုးရရဲ့ ကန႔္သတ္ခ်က္ေတြေၾကာင့္ ေရာဂါစစ္ေဆးမွုခံယူဖို႔ ပိုမိုခက္ခဲေစၿပီး အဆိုးဆုံးအေျခအေနကို မေရာက္ေသးဘူးလို႔ ဆိုနိုင္ေၾကာင္း၊ ျမန္မာနိုင္ငံဘက္မွာလည္း ထြက္ေျပးလာတဲ့ ဒုကၡသည္ေတြ ျပန္လာဖို႔ အေျခအေန မရွိေသးတဲ့အျပင္၊ ျမန္မာအစိုးရရဲ့ က်ဴးလြန္မွုေတြဟာ အျခား တိုင္းရင္းသား လူမ်ိဳးစုေတြကိုပါ တိုးခ်ဲ႕ လာေနေၾကာင္း၊ ေျပာဆိုခဲ့ၿပီး၊ အေမရိကန္နိုင္ငံျခားေရး ဌာနအေနနဲ႔ ျမန္မာအစိုးရကို လူမ်ိဳးတုံးသတ္ျဖတ္မွုေတြအတြက္ တာဝန္ရွိသူ အျဖစ္ ေၾကညာေပးဖို႔ ေတာင္းဆိုလိုေၾကာင္း ေျပာသြားပါတယ္။
ရိုဟင္ဂ်ာ အေရးလွုပ္ရွားသူ မေဝေဝႏုကလည္း အေမရိကန္ နိုင္ငံအေနနဲ႔ ရိုဟင္ဂ်ာေတြကို ထိထိေရာက္ေရာက္ ကူညီနိုင္ဖို႔ အခ်က္ ၇ ခ်က္ကို ေတာင္းဆိုခဲ့ပါတယ္။
- ရိုဟင္ဂ်ာ ဒုကၡသည္ေတြ ျမန္မာနိုင္ငံကို ျပန္လာခြင့္ရၿပီး၊ နိုင္ငံသားျဖစ္ခြင့္ နဲ႔ အျခား အေျခခံအခြင့္အေရးေတြ ျပန္ေပးဖို႔နဲ႔ နစ္နာဆုံးရွုံးမွုေတြအတြက္ ေလ်ာ္ေၾကးေပးဖို႔၊
- ျမန္မာစစ္ေခါင္းေဆာင္ေတြ နဲ႔ စစ္တပ္ပိုင္လုပ္ငန္းေတြကို စီးပြားေရး ပိတ္ဆို႔မွုခ်မွတ္ဖို႔
- အေမရိကန္လႊတ္ေတာ္အေနနဲ႔ ျမန္မာနိုင္ငံဆိုင္ရာ ဥပေဒ Burma Act ကို ျပဌာန္းေပးဖို႔
- ရိုဟင္ဂ်ာေတြအေပၚ က်ဴးလြန္ခဲ့တဲ့ ျပစ္မွုေတြအတြက္ နိုင္ငံတကာအဆင့္ တရား႐ုံးေတြမွာ ၾကားနာစစ္ေဆးဖို႔ ႀကိဳးပမ္းအားထုတ္မွုေတြကို အေမရိကန္အစိုးရက ေထာက္ခံဖို႔၊
- လာမယ့္ နိုဝင္ဘာ ေရြးေကာက္ပြဲမွာ ရိုဟင္ဂ်ာေတြ ပါ၀င္မဲေပးခြင့္ရဖို႔ ျမန္မာအစိုးရကို တိုက္တြန္းေပးဖို႔၊
- အေမရိကန္အစိုးရအေနနဲ႔ ျမန္မာနိုင္ငံက ျဖစ္ရပ္ေတြကို လူမ်ိဳးတုံးသတ္ျဖတ္မွုအျဖစ္ တရားဝင္ သတ္မွတ္ေခၚဆိုဖို႔
- ရိုဟင္ဂ်ာဒုကၡသည္ေတြကို အကူအညီေပးေနတဲ့ အဖြဲ႕အစည္းေတြအေနနဲ႔ ဆုံးျဖတ္ခ်က္ခ်တဲ့ အဆင့္တိုင္းမွာ ကာယကံရွင္ ဒုကၡသည္ေတြကို ေခၚယူတိုင္ပင္ၿပီးမွ ဆုံးျဖတ္ဖို႔စတဲ့ အခ်က္ ၇ ခ်က္ကို ေတာင္းဆိုလိုေၾကာင္း ေျပာသြားတာ ျဖစ္ပါတယ္။
မေန႔က က်င္းပတဲ့ အေမရိကန္ေအာက္လႊတ္ေတာ္ ၾကားနာစစ္ေဆးမွုမွာ အိုဟိုင္းဟိုးျပည္နယ္က ေအာက္လႊတ္ေတာ္အမတ္ စတိ ခ်ာဗက္၊ Save the children အဖြဲ႕၊ Heritage Foundation က တာဝန္ရွိသူေတြ တက္ေရာက္ထြက္ဆိုခဲ့ၾကၿပီး၊ အေမရိကန္ ေအာက္လႊတ္ေတာ္ အမတ္ေတြက ရိုဟင္ဂ်ာေတြကို ကူညီဖို႔ အေမရိကန္နိုင္ငံအေနနဲ႔ လုပ္ေဆာင္နိုင္မယ့္ နည္းလမ္းေတြကို ေဆြးေႏြးခဲ့ၾကပါတယ္။