အင်ဒိုနီးရှားနိုင်ငံ PKB ပါတီမှ နိုင်ငံရေးသမား တစ်ဦးဖြစ်သော အဘဒူလ် ကာဒီယာကာဒင်က မြန်မာနိုင်ငံမှ ဘင်္ဂါလီလူမျိုးများ ကို နှိပ်စက်ခြင်းများ ရပ်တန့်ရေးအတွက် ဆောင်ရွက်မှုများ ပြုလုပ်ရန် အင်ဒိုနီးရှားအစိုးရကို တိုက်တွန်းလိုက်သည်။
“ဘင်္ဂါလီတွေရဲ့လူ့ အခွင့်အရေးတွေ ချိုးဖောက်ခံရပြီး အကြမ်းဖက်ခံနေရတာကို အင်ဒိုနီးရှား အစိုးရအနေနဲ့ ငြိမ်မနေဘူးလို့ ကျွန်တော် မျှော်လင့်ပါတယ်” ဟု PKB ပါတီ၏ အထွေထွေ အတွင်းရေးမှူး ကာဒင်က ပြောသည်။
ဘင်္ဂါလီများကို နှိပ်စက်ညှဉ်းပန်းမှုများသည် လူမျိုးရေးနှင့် ဘာသာရေး မုန်တီးမှုများဆိုင်ရာ အကြမ်းဖက်မှုများ ဖြစ်သည့်အတွက် အာဆီယံဒေသ၏ တည်ငြိမ်မှုကို ထိပါးနိုင်သည်ဟု သူက ဆိုသည်။
"အင်ဒိုနီးရှားက မွတ်ဆလင်များ အနေဖြင့် ဘင်္ဂါလီတွေကို နှိပ်စက်နေတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး သင့်တော်တဲ့ တုံ့ ပြန်မှုလုပ်ကြဖို့ ကျွန်တော် တောင်းဆိုပါတယ်" ဟု ၄င်းက ပြောသည်။
ထို့အပြင် သူက မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှ ဘင်္ဂါလီများအတွက် ဆုတောင်းပေးရန်နှင့် အကူအညီများပေးရန် အင်ဒိုနီးရှား နိုင်ငံသားများကို တောင်းဆိုခဲ့သည်။
အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရတ်နိုအယ်လ်ပီမာဆူဒီက မြန်မာမှ ဘင်္ဂါလီများ တွေ့ ကြုံနေရသည့် အခြေအနေများနှင့် ပတ်သက်ပြီး အင်ဒိုနီးရှားက အဆက်မပြတ် စောင့်ကြည့်နေသည်ဟု ဆိုသည်။
“ဘင်္ဂါလီတွေနဲ့ ပတ်သက်ပြီး ဖြစ်ပေါ်လာနေတဲ့ အခြေအနေတွေကို ကျွန်မတို့ အနီးကပ် စောင့်ကြည့်နေပါတယ် "
ဝန်ကြီးဌာနအနေဖြင့် ရခိုင်ဒေသက အခြေအနေများကို စောင့်ကြည့်နေပြီး မြန်မာအစိုးရထံမှ တိကျ ရှင်းလင်းသည့် သတင်းအချက်အလက်ကို ရှာဖွေရန်ဖြစ်သည်ဟု မာဆူဒီက ပြောကြားသည်။
သည်အချိန်မှာပင် ဟစ်ဇ်ဘူလာ (Hizbullah) မွတ်ဆလင် လူငယ်များအဖွဲ့ ကလည်း မြန်မာစစ်တပ်က ဘင်္ဂါလီ မွတ်ဆလင်များကို သတ်ဖြတ်ခဲ့ခြင်းအတွက် ရှုတ်ချခဲ့ သည်။
“မြန်မာစစ်တပ်က ဘင်္ဂါလီ ကလေးတွေ၊ မိန်းမတွေ၊ ယောက်ျားတွေကို လူသားချင်းမစာမနာ သတ်ခဲ့တာကို ခွှင့်မလွှတ်နိုင်ဘူး" ဟု Hizbullah အဖွဲ့ ဥက္ကဋ္ဌ အမ်အမ်နာရိုဟုလာ က ပြောသည်။ မြန်မာအစိုးရသည် ကမ္ဘာ့ငြိမ်းချမ်းရေးကို ဆန့်ကျင်ပြီး လူမျိုးတုံး သတ်ဖြတ်နေခြင်းဖြစ် သည်ဟု သူက ဆိုသည်။
" ဒေါ်အောင်ဆန်းစုကြည်ကိုလည်း နိုဘယ်လ်ဆု ပြန်လည် ရုပ်သိမ်းရမယ်" ဟုလည်း ဆိုသည်။
မြန်မာစစ်တပ်၏ ပြောကြားချက်အရ အနည်းဆုံး လူ၁၃၀ ခန့် မကြာသေးခင်က ခြုံခိုတိုက်ခိုက်မှုများတွင် အသတ်ခံခဲ့ရသည်ဟု သိရသည်။
ထိုနည်းတူစွာ အာချေပြည်နယ်လွှတ်တော်အမတ် Iskandar Usman Al-Farlaky က ၄င်း၏ ဗဟိုအစိုးရအား မြန်မာနိုင်ငံနှင့် သံတမန် အဆက်အသွယ်
ဖြစ်တောက်ရန် တောင်းဆို ထားကြောင်း Aceh Times သတင်းစာက ဖော်ပြထားသည်။
ဖြစ်တောက်ရန် တောင်းဆို ထားကြောင်း Aceh Times သတင်းစာက ဖော်ပြထားသည်။
လင်းလင်း
Ref - Anartara
The Ladies News