အလုပ်သမားသပိတ်စစ်ကြောင်းက အလုပ်သမားများနဲ့ ဝန်းရံသူကျောင်းသား ၅ဦးအပါအဝင် ၅၁ဦးကို နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ၅၀၅(ခ) အပါအဝင် ပုဒ်မလေးခုနဲ့ စတင်တရားစွဲဆို (ရုပ်သံ)
အလုပ်သမားသပိတ်စစ်ကြောင်းက အလုပ်သမားများ ဝန်းရံဗကသကျောင်းသား၅ဦး အပါအဝင် စုစုပေါင်း၅၁ဦးကို မေလ၁၉ရက်နေ့မှာ နေပြည်တော်ကောင်စီနယ်မြေ တပ်ကုန်းမြို့နယ် တရားရုံးမှာ ရုံးထုတ်ပြီး ရမန် ရယူခဲ့ပါတယ်။ တပ်ကုန်းမြို့နယ်တရားရုံးမှာ ဝန်းရံကျောင်းသား၅ဦး အပါအဝင် အလုပ်သမား စုစုပေါင်း၅၁ဦးကိုနိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ) အပါအဝင် ပုဒ်မ ၁၄၃၊ ၁၄၅၊ ၁၄၇ တို့နဲ့စွဲဆိုခဲ့တာပါ။
တရားစွဲဆိုခံရတဲ့အလုပ်သမားတွေနဲ့ ဝန်းရံဗကသကျောင်းသားတွေကတော့ အခုလို တရားစွဲဆို ခံရတာဟာ တရားမျှတမှုမရှိပဲ ရဲတွေကလမ်းဖွင့်လိုက်ချိန်မှာ လမ်းဖွင့်ပေးပြီအထင်နဲ့ဖြတ်လျှောက်ရာကနေ ရဲတွေက ဝိုင်းတားဆီးပြီး ဖမ်းဆီးခဲ့တာကြောင့် တရားရုံးကိုပါဆက်လက်သပိတ် မှောက်သွားမယ်လို့ သိရပါ တယ်။
Ref: Eleven News