မြန်မာနိုင်ငံအနေဖြင့် ဂမ်ဘီယာနိုင်ငံ၏ စွပ်စွဲ တရားစွဲဆိုချက်ဖြစ်သော လူမျိုးတုန်းသတ်ဖြတ်မှုများကျူးလွန်သည်ဆိုသော အမှုဖြင့် ICJ တရားရုံးတွင်တရားရင်ဆိုင်နေရခြင်းဖြစ်ပြီး တရားရုံးက ၂၀၂၀ ခုနှစ် ဇန်နဝါရီလတွင် ၆ လတစ်ကြိမ် အစီရင်ခံစာ တင်သွင်းရန်၊ သက်သေများကို ဖျောက်ဖျက်ခြင်းမပြုရန် အပါ အဝင် ကြားဖြတ် အမိန့်တစ်ရပ် ချမှတ်ထားခြင်းဖြစ်သည်။
ပထမအကြိမ်အစီရင်ခံစာကို မေလအတွင်း တင်သွင်းခဲ့ပြီးဒုတိယအကြိမ် အစီ ရင်ခံစာကို နိုဝင်ဘာလတွင် တင်သွင်းခဲ့ကာ မြန်မာအစိုးရက နှစ်ကြိမ်စလုံး အစီရင်ခံစာကို လူသိရှင်ကြား ထုတ်ပြန်ခြင်းမပြုခဲ့ပေ။
၂၀၁၉ ခုနှစ်၊ နို ၀ င်ဘာလတွင်ဂမ်ဘီယာသည် ICJ တွင်မြန်မာနိုင်ငံအားရိုဟင်ဂျာမွတ်စလင်များအပေါ်လူမျိုးတုံးသတ်ဖြတ်မှုကိုတားဆီးရန်သို့မဟုတ်အပြစ် ပေးရန်ပျက်ကွက်မှု စွပ်စွဲချက်ဖြင့် အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။
ICJ ကမြန်မာနိုင်ငံအပေါ် “ ကြားဖြတ်အမိန့်” ထုတ်ပြန်ခဲ့ပြီး လူမျိုးတုံးသတ် ဖြတ် မှုကိုတားဆီးရန်၊ စစ်တပ်နှင့်ရဲတပ်ဖွဲ့များသည် လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာလုပ်ရပ်များမကျူးလွန်စေရန် စေဆိုသော အချက်များပါဝင်နေသည်။
Global Justice Center ၏ဥပဒေရေးရာဒါရိုက်တာ Grant Shubin က“ မြန်မာ နိုင်ငံရဲ့ဒုတိယအကြိမ်အစီရင်ခံစာကိုကျွန်တော်တို့ကြိုဆိုပါတယ်၊ ဒါပေမယ့်တရားရုံးရဲ့နည်းပညာပိုင်းဆိုင်ရာသတ်မှတ်ရက်ကိုပြည့်မီအောင်လုပ်ရုံနဲ့မလုံလောက်ဘူး။ ရိုဟင်ဂျာဆန့်ကျင်ရေးလူမျိုးတုံးသတ်ဖြတ်မှုအန္တရာယ်ကိုဖြစ်ပေါ်စေတဲ့ခွဲခြားဆက်ဆံမှုနဲ့အပြစ်ပေးအရေးယူမှုတွေကို လုပ်ဆောင်ခြင်းမရှိသေးပါဘူး" ဟု ပြောဆိုကြောင်း တူရကီAnadolu Agency (AA) က သတင်းဖော်ပြသည်။
မြန်မာနိုင်ငံမှ နိုင်ငံတကာအရေး ကျွမ်းကျင်သူ တပ္ပဒီပ အင်စတီကျူ ဒါရိုက် တာ ဒေါက်တာခင်ဇော်ဝင်းက ICJ သို့ မြန်မာအစိုးရက တင်ပြသည့် ၆ လတစ်ကြိမ် အစီရင်ခံစာများကို လျှို့ဝှက်ထားခြင်းသည် နိုင်ငံတကာ၏ ယုံကြည်မှု ကျဆင်းစေသည်ဟု ဝေဖန်သည်။
"ယုံကြည်မှု လျှော့တယ်။ နဂိုကမှ အစကတည်းက ကိုယ်က သိက္ခာကကျနေပြီ။ တ ရား ခံလည်းဖြစ်တယ်။ စုံစမ်းစစ်ဆေးမှုတွေမှာ အဆင့်ဆင့် သူတို့ ကာဆီးကာဆီး လုပ်ခဲ့တာပဲ။ အဲဒါကြောင့် ICJ ရောက်တာပေါ့။ နို့မို့ဆိုရင် UN အဖွဲ့တစ်ဖွဲ့နဲ့တင် ပြီးနိုင်တယ်။ မပြီးလို့ ICJ ရောက်ရတယ်။ အခုလည်း ဒီလိုပဲ။ အမှုရင်ဆိုင်နေတဲ့ အချိန်မှာပဲ ပွင့်လင်းမြင်သာမှုက မရှိဘူး။ မထုတ်ပြန်ဘူး။ ဆိုတော့ ဟိုက ဖွင့်သာ မပြောတာ ပိုပြီးတော့ သိက္ခာကျနေတာပဲ။ မကောင်းဘူး။ အလားအလာတွေက မကောင်းဘူး" ဟု ဒေါက်တာခင်ဇော်ဝင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
