ရိုဟင်ဂျာတွေကို နိုင်ငံခြားသားတွေအဖြစ်သာ သတ်မှတ်သွားမယ်လို့ မြန်မာနိုင်ငံခြားရေးအမြဲတမ်းအတွင်းဝန်ဆို
ဇူလိုင် ၂၉၊ ၂၀၁၉ Myanmar Muslim Media
“မြန်မာအစိုးရက ရိုဟင်ဂျာတွေကိုနိုင်ငံခြားသားတွေအဖြစ်သာ သတ်မှတ်သွားမှာဖြစ်တယ်”လို့ မြန်မာနိုင်ငံခြားရေးရာအမြဲတမ်းအတွင်းဝန်မြင့်သူက မနေ့က Cox’s Bazar ခရိုင် ဥခီယာမှာရှိတဲ့ ကုတုပလောင်ဒုက္ခသည်စခန်းမှာ ဟိန္နူရိုဟင်ဂျာတွေနဲ့တွေ့ဆုံပြီးနောက် သတင်းထောက်တွေကိုပြောကြားခဲ့ပါတယ်။
“မြန်မာအစိုးရကရိုဟင်ဂျာတွေကိုနိုင်ငံခြားသားတွေအဖြစ်သာသတ်မှတ်သွားမှာဖြစ်တယ်”လို့မြန်မာနိုင်ငံခြားရေးရာအမြဲတမ်းအတွင်းဝန်မြင့်သူကမနေ့ကCox’s Bazar ခရိုင်ဥခီယာမှာရှိတဲ့ကုတုပလောင်ဒုက္ခသည်စခန်းမှာဟိန္နူရိုဟင်ဂျာတွေနဲ့တွေ့ဆုံပြီးနောက်သတင်းထောက်တွေကိုပြောကြားခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ်ကနေ ရိုဟင်ဂျာတွေကိုပြန်ခေါ်တဲ့အရေးကိစ္စတွေပေါ်မှာ သူ့အစိုးရဲ့အနေအထားကို အသေးစိတ်တင်ပြရင်း မြင့်သူက မြန်မာနိုင်ငံသားဆိုင်ရာ ၁၉၈၂ခုနှစ်အက်ဥပဒေအရ နိုင်ငံသားသုံးမျိုးရှိတယ်လို့ ပြောကြားခဲ့ပါတယ်။ အဲဒီဥပဒေအရ မြန်မာနိုင်ငံထဲမှာမျိုးရိုးသုံးဆက်ထိ နေထိုင်လာခဲ့တဲ့ဘယ်သူမဆို ပြုနိုင်ငံသားဖြစ်လာမယ်လို့ ဆိုပါတယ်။
ရိုဟင်ဂျာတွေဟာမြန်မာနိုင်ငံသားတွေတိုက်ရိုက်ဖြစ်မလာရင်တောင် သူတို့တွေဟာ နိုင်ငံသားသုံးမျိုးအက်ဥပဒေအရ နိုင်ငံခြားသားတွေအဖြစ် မြန်မာနိုင်ငံထဲမှာတရားဝင်နေထိုင်ခွင့်ပြုသွားမှာဖြစ်တယ်လို့ မြင့်သူကပြောကြားခဲ့ပါတယ်။ ဒီလုပ်ငန်းစဉ်မှာ သူတို့တွေဟာ အမျိုးသားအိုင်ဒီကတ်တွေရရှိသွားမှာဖြစ်တယ်လို့ သူကထပ်ဖြည့်ပြောကြားခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်ကိုလာရောက်တဲ့အဖွဲ့ဝင်၁၀ယောက်ကို ဦးဆောင်တဲ့နိုင်ငံခြားရေးအတွင်းဝန်က မနက်ပိုင်းမှာ ဒုက္ခသည်စခန်းက ရိုဟင်ဂျာမွတ်စလင်တွေနဲ့တွေ့ဆုံခဲ့ပါတယ်။
မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ သူတို့ယခင်ကငြင်းပယ်ထားခဲ့တဲ့ တူညီတဲ့ကမ်းလှမ်းချက်တွေနဲ့ပဲရောက်လာခဲ့တာဖြစ်တယ်လို့ မိုဟီဘူလ်လာဟ်က ပြောကြားခဲ့ပါတယ်။ “သူတို့ကပြောတယ် ကျွန်တော်တို့တွေဟာ ADP စခန်းတွေမှာနေထိုင်ရမယ်တဲ့ ဒီကမ်းလှမ်းချက်ကိုကျွန်တော်တို့ သဘောမတူပါဘူး” လို့ရိုဟင်ဂျာခေါင်းဆောင်ကပြောကြားခဲ့ပါတယ်။ နိုင်ငံသားအဖြစ်အာမခံချက်မရှိပဲ ဘယ်ရိုဟင်ဂျာတစ်ဦးတစ်ယောက်ကမှ မြန်မာကိုပြန်မှာမဟုတ်ဘူးလို့ သူကဆက်လက်ပြောကြားခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ်နဲ့မြန်မာဟာ ၂၀၁၇ နိုဝင်ဘာ ၂၃ရက်နေ့က ပြန်လည်ပို့ဆောင်လက်ခံရေးလုပ်ငန်းစဉ်ကို သဘောတူလက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ပါတယ်။ ၂၀၁၈ ဇန်န၀ါရီ ၁၆ရက်နေ့မှာတော့ ဘင်္ဂလားဒေ့ရှ်နဲ့မြန်မာဟာ ရိုဟင်ဂျာတွေကိုပို့ဆောင်လက်ခံရေးလုပ်ငန်းစဉ်ဖြစ်မြောက်စေဖို့ ထိရောက်တဲ့စီစဉ်ဆောင်ရွက်မှုဆိုင်ရာ စာတမ်းမှာလက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ဒီစီစဉ်ဆောင်ရွက်မှုဆိုင်ရာသဘောတူညီချက်အရ ပြန်လည်ပို့ဆောင်လက်ခံရေးလုပ်ငန်းစဉ်ကို စတင်ပြီး၂နှစ်အတွင်း အပြီးသတ်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သတ်မှတ်ထားတာဖြစ်ပါတယ်။
ရိုဟင်ဂျာဒုက္ခသည်ပထမတစ်သုပ်ကို ပြီးခဲ့တဲ့နှစ်နိုဝင်ဘာ ၁၅ရက်နေ့မှာ ပြန်လည်ပို့ဆောင်လက်ခံသွားဖို့ စီစဉ်ခဲ့တာဖြစ်ပေမယ့် ရခိုင်ပြည်နယ်မှာသင့်လျော်တဲ့ပတ်ဝန်းကျင်အားနည်းမှုတွေကြောင့် ရိုဟင်ဂျာတွေပြန်သွားဖို့ ဆန္ဒမရှိတာတွေကြောင့် ဖြစ်မလာခဲ့ပါဘူး။ ၂၀၁၇ခုနှစ်က မြန်မာစစ်တပ်ရဲ့ရက်စက်တဲ့စစ်ဆင်ရေးကြောင့် ရိုဟင်ဂျာမွတ်စလင်၇သိန်း၃သောင်းကျော် ဘင်္ဂလားဒေ့ရှ်ထွက်ပြေးခဲ့ရတာဖြစ်ပါတယ်။ သူတို့ဟာအဲဒီကဒုက္ခသည်စခန်းတွေမှာနေထိုင်ပြီး သူတို့ပြန်သွားရင်ထပ်ပြီးဖိနှိပ်ခံရမှာကိုကြောက်နေကြပါတယ်။
မြန်မာရဲ့အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေ အုပ်စုဖွဲ့အဓ္ဓမပြုကျင့်မှုတွေနဲ့ မီးရှို့မှုစစ်ဆင်ရေးတွေဟာ လူမျိုးတုံးသတ်ဖြတ်ရည်ရွယ်မှုမြောက်တယ်လို့ ကုလစုံစမ်းစစ်ဆေးရေးကပြောကြားခဲ့ပါတယ်။ ဒါပေမယ့်လည်း မြန်မာကတော့ စွပ်စွဲချက်တွေကိုငြင်းဆန်ထားပါတယ်။
The Daily Star သတင်းဌာနပါ “Myanmar to consider Rohingyas as foreigners” အမည်ဖြင့်ဖော်ပြထားသည့်သတင်းကိုညောင်နီရွက်(Myanmar Muslim Media)က မြန်မာဘာသာသို့ဆီလျော်အောင်ပြန်ဆိုသည်။
