Friday, March 15, 2019

ဒေါ်လဲ့လဲ့မော်ရဲ့ အမှုလောက်ကို တရားစွဲမယ်ဆိုရင် အခြားဝန်ကြီးချုပ်တွေကိုပါ တရားစွဲလို့ရတယ်​;; ဦးဝင်းထိန်

လေယာဉ်ကွင်းခြုံရှင်းစရိတ် သိန်းပေါင်း ၄၀၀၀ ကျသင့်ခြင်း၊ GGS ကုမ္မဏီနှင့်ငွေကြေးမသမာမှုများကြောင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ အမှုဖွင့်လိုက်ပြီးနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယကတစ်ဦးဖြစ်သူ ဦးဝင်းထိန်မှ ယခုအရေးယူမှုမှာ မျှတခြင်းမရှိဘဲ ယခုမျှလောက် အမှုကိုအရေးယူနေမည်ဆိုပါက တိုင်းဒေသကြီး၊ ပြည်နယ် ၀န်ကြီးချုပ်အားလုံးနီးပါးနှင့်ပြည်ထောင်စုဝန်ကြီးအချို့ကိုတောင် တရားစွဲဆိုနိုင်ကြောင်း AFP သတင်းဌာနရဲ့ မေးမြန်းချက်တွေကို ဦးဝင်းထိန်ကဖြေကြားထားပါတယ်။ “ ဗဟိုညွှန်ကြားချက်နဲ့ လုပ်တာလည်းဖြစ်မှာပေါ့ ACC က ဒီလောက်အမှုကိုတောင် အရေးယူတယ်ဆိုရင် ကျန်တဲ့ တိုင်းဒေသကြီး ပြည်နယ်တွေမှာလည်းရှိတာဘဲ ကုန်ကုန်ပြောရရင် ပြည်ထောင်စုအဆင့်မှာတောင် ဒေါ်အောင်ဆန်းစုကြည်ကိုဖယ်ပြီး အကုန်တရားစွဲလို့ရတယ်” ဟု ဦးဝင်းထိန်ကပြောသည်။ ဒါ့အပြင် ဒေါ်လဲ့လဲ့မော်မိသာစုနှင့် ဦးဝင်းထိန် နီးစပ်မှုရှိကြောင်း ဝေဖန်မှုများကိုလည်း တုန့်ပြန်ချေပခဲ့ပါတယ်။ “ရင်းနှီးတာပေါ့ လုပ်ဖော်ကိုင်ဖက်တွေဘဲလေ ကျွန်တော်တစ်ယောက်ထဲနဲ့နီးစပ်တာမဟုတ်ဘူး ဗဟိုအလုပ်မှုဆောင် တစ်ဖွဲ့လုံးနဲ့ နီးစပ်တယ်”ဟု ပြန်လည်ချေပခဲ့သည်။

Image may contain: 4 people, people sitting