Friday, March 8, 2019

မြန်မာကိုနိုင်ငံတကာတရားရေးခုံရုံးတင်သွားဖို့ အိုအိုင်စီအတည်ပြု

Image may contain: one or more people, grass, outdoor and nature




အစ္စလာမ်မစ်နိုင်ငံများအဖွဲ့အစည်း (OIC) ကရိုဟင်ဂျာတွေရဲ့တရားဝင်အခွင့်အရေးထူထောင်နိုင်ဖို့နဲ့ တရားမျှတမှုရရှိစေဖို့ နိုင်ငံတကာတရားရေးခုံရုံး(ICJ)တင်သွားဖို့တစ်ညီတစ်ညွတ်တည်းဆုံးဖြတ်ခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့တနင်္လာနေ့ကထုတ်ပြန်ချက်ထဲမှာပြောကြားထားပါတယ်။
ပင်မသံတမန်ရေးရာလုပ်ငန်းစဉ်လို့ ၀န်ကြီးဌာနကသုံးနှုံးတဲ့ ဒီဆုံးဖြတ်ချက်ကို အဘူဒါဘီမှာကျင်းပခဲ့တဲ့ ၄၆ကြိမ်မြောက်နိုင်ငံခြားရေးဝန်ကြီးများကောင်စီစည်းဝေးပွဲမှာ ICJ ကနေ ဥပဒေရေးရာလက်ကိုင်ပြုပြီးလုပ်ဆောင်သွားနိုင်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ မြန်မာနိုင်ငံက ရိုဟင်ဂျာတွေရဲ့ ဆိုးရွားတဲ့လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေနဲ့ လူသားမျိုးနွယ်အပေါ်ရာဇ၀တ်ကျူးလွန်ခံရမှုတွေအတွက် အရေးယူသွားနိုင်ဖို့ကာလရှည်ကြာဆွေးနွေးညှိနှိုင်းမှုတွေအပြီးမှာ ဒီဆုံးဖြတ်ချက်ကိုအတည်ပြုနိုင်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။

အဖွဲ့ဝင်၁၀နိုင်ငံရှိတဲ့အင်အားကြီးဝန်ကြီးဌာနကော်မတီနဲ့အတူ ဂမ်ဘီယာကဒီလုပ်ငန်းစဉ်ကိုဦးဆောင်ခဲ့တာဖြစ်ပါတယ်။ နိုင်ငံတကာဥပဒေစည်းမျဉ်းစည်းကမ်းတွေကနေ တရားဝင်အခွင့်အရေးထူထောင်တဲ့နေရာမှာ ဥပဒေရေးရာခြေလှမ်းတွေနဲ့အစပြုဖို့ ဂမ်ဘီယာကအကြံပြုခဲ့တာဖြစ်ပါတယ်။ ဒီတစ်ညီတစ်ညွတ်တည်းဆုံးဖြတ်ချက်ဟာ မြန်မာ ရခိုင်ပြည်နယ်ကသူတို့ရဲ့မွေးရပ်မြေဖြစ်တဲ့ရိုဟင်ဂျာလူထုရဲ့တရားဝင်အခွင့်အရေးထူထောင်နိုင်ဖို့နဲ့ လူသားမျိုးနွယ်အပေါ်ရာဇ၀တ်ကျူးလွန်မှုတွေကိုဖော်ထုတ်ပြီးတရားမျှတမှုရရှိဖို့တရားဝင်လမ်းကြောင်းဖောက်နေတဲ့ အိုအိုင်စီအတွက်အစဉ်အလာတစ်ခုချမှတ်ခဲ့တာပဲဖြစ်ပါတယ်။
ကော်မတီရဲ့ဆုံးဖြတ်ချက်ဟာ ပြည့်စုံတဲ့ဆုံးဖြတ်ချက်ဖြစ်ခဲ့ပြီး စည်းဝေးပွဲရဲ့နောက်ဆုံးအပိုင်းမှာ သဘောတူညီမှုရရှိခဲ့တာဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး အေကေအဗ္ဗဒူလ်မိုမန်က ဒီအရေးကိစ္စနဲ့စပ်လျဉ်းပြီး အထူးကော်မတီနဲ့ဆွေးနွေးညှိနှိုင်းမှုတွေလုပ်ဆောင်ဖို့နဲ့ ကောင်စီရဲ့အင်အားကြီးကိုယ်စားလှယ်အဖွဲ့ကိုဦးဆောင်ခဲ့ပါတယ်။
Dhaka Tribune သတင်းဌာနပါ “OIC endorses legal action against Myanmar at ICJ” အမည်ဖြင့်ဖော်ပြထားသည့်သတင်းကိုညောင်နီရွက်(Myanmar Muslim Media)က မြန်မာဘာသာသို့ဆီလျော်အောင်ပြန်ဆိုသည်။