Wednesday, February 13, 2019

မူလကမန် မျိုးတုံးပြီဟု ရခိုင်ဝန်ကြီး ဦးဇော်အေးမောင်ပြော


ရှေးယခင်မူလ ကမန်လူမျိုးများမျိုးတုံးပျောက်ကွယ်သွားပြီဖြစ်ကြောင်းနှင့် ကမန်ဆိုသူများသည် မိမိတို့ဘာသာတူရာနှင့်လက်ထပ်ကြသဖြင့်ကမန်နှင့်ရိုဟင်ဂျာ(မူရင်းအသုံးဘင်္ဂါလီ) ရောနှောသွားပြီဖြစ်ကြောင်းရခိုင်ဝန်ကြီးဦးဇော်အေးမောင်၏ပြောကြားကြောင်း ဧရာဝတီသတင်းဌာနက ဖေါ်ပြခဲ့သည်။
“မျိုးချစ်စိတ်ပြင်းထန်တဲ့ ရခိုင်တော်တော်များများက ဒီကမန်ကိုတိုင်းရင်းသားထဲထည့်ဖို့အတွက် အများကြီးငြင်းခုန်ခဲ့ကြတယ်။အဲဒီတုန်းကဦးနေဝင်းကစည်းရုံးရေးအရထည့်ခဲ့တာပါ။အမှန်မှာ(ရှာဒူတာခေတ်က)ကျန်ခဲ့တဲ့ကမန်တွေတယောက်မှမရှိဘူးလို့ထောက်ပြတဲ့သူတွေရှိတယ်။ဒီလူတွေမျိုးတုံးသွားပြီ”ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က ပြောကြောင်း ဧရာဝတီသတင်းဌာနကဖေါ်ပြထားသည်။
ထို့အပြင် မူလကမန်လူမျိုးမရှိတော့ပုံကို နတ်သျှင်နောင်ခေတ်တွင် သန်လျင်ရောက်ခဲ့သည့် ပင်လယ်ဓားပြ ပေါ်တူဂီများဖြင့် နိုင်းယှဉ်ကာ “ငဇင်ကာခေတ်က ပေါ်တူဂီတွေပါ ငါတို့တိုင်းရင်းသားပေးရမယ်လို့ တောင်းလို့ရမလား”ဟု လည်း ဦးဇော်အေးမောင်က မေးခွန်းထုတ်သည်။
“ရခိုင်လူကြီးတွေက ကန့်ကွက်ခဲ့တယ်။ရခိုင်တွေကန့်ကွက်ခဲ့တဲ့ကြားထဲက ဦးနေဝင်းက အတင်းအဓမ္မထည့်ခဲ့တာ။အဲဒီတုန်းကရှိတဲ့ကမန်အစစ်ကလည်း၂ထောင်၊၃ထောင်လောက်ပဲရှိတယ်။ဒါပေမဲ့ သူတို့က ဘာသာတူတွေပေးစားတယ်။ဟိုဘက်က ခိုးဝင်လာတဲ့သူနဲ့ ဘာသာတူပေးစားရင်းပေးစားရင်းနဲ့ ဘင်္ဂါလီလည်း ကမန်ဖြစ်လာတယ်။ကမန်လည်း ဘင်္ဂါလီဖြစ်လာတယ်”ဟု လည်း ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က ထပ်လောင်းပြောကြားသည်။
“ကမန်တိုင်းရင်းသားတွေကရခိုင်တိုင်းရင်းသားတွေပါပဲလို့ခံယူထားတဲ့အပေါ်ဝန်ကြီး
သဘောထားပြောပြပေးပါ” ဧရာဝတီသတင်းဌာနက မေးမြန်းရာတွင် ၀န်ကြီးဦးဇော်အေးမောင်က အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ထို့အပြင် ရခိုင်ပြည်နယ်နေ့အတွက် ကမန်တိုင်းရင်းသားများကို ဖိတ်ကြားခဲ့ဖူးသော်လည်း ရခိုင်ဘုန်းကြီးများနှင့်ပါ ပြဿနာဖြစ်ရသည့်အတွက် ကမန်များကို သီးသန့် တိုင်းရင်းသားလူမျိုးစုအနေဖြင့် အခမ်းအနားများသို့ဖိတ်ကြားခြင်းမပြုတော့ခြင်းဖြစ်ကြောင်းလည်း ဦးဇော်အေးမောင်ကပြောသည်။
“ ရခိုင်ဓမ္မာရုံကို ကျနော် ကမန်လူကြီးတွေဖိတ်လိုက်တယ်။ဖိတ်လိုက်တာကို ရခိုင်ဘုန်းကြီး တွေက လာပြီးတော့ ပြဿနာရှာတာ။ မင်း ဓမ္မာရုံကို ဘာလို့ မွတ်စလင်မ်တွေခေါ်လာတာလဲ”ဟု ပြောဆိုခံခဲ့ရကြောင်း ဦးဇော်အေးမောင်က ပြောသည်။
ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်၏ အထက်ပါပြောကြားချက်များကို ဧရာဝတီသတင်းဌာန၀ဘ်ဆိုဒ်တွင် ဖေါ်ပြပြီးနာရီအနည်းငယ်အကြာတွင် ပြန်လည်ဖယ်ရှားခဲ့သည်။
ပုံ ၁၊ဧရာဝတီသတင်းဌာန၀ဘ်ဆိုဒ်တွင် ဖေါ်ပြပြီးနာရီအနည်းငယ်အကြာတွင် ပြန်လည်ဖယ်ရှားခဲ့သည့် ဦးဇော်အေးမောင်၏ ပြောကြားချက်များ
ပုံ ၂၊ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင် (Zaw Aye Mg ဖေ့ဘုတ်မှ ကူးယူသည်)
Original Kaman is extinct, Rakhine minister U Zaw Aye Maung says

Hein Aung
Myanmar Muslim Media
8 February, 2019
The original Kaman is extinct and their generations are now mixed-blood with Rohingya (Bengali in original usage) because they get married to people with the same religion, Rakhine Ethnic Affairs minister said in his interview with The Irrawaddy Burmese Edition.
“Most Arakanese people who are with strong patriotism had argued for the case for recognizing Kaman as an ethnicity of Myanmar. At that time, U Ne Win added Kaman under the tribe list of Rakhine people on organizational grounds. In fact, some people pointed out that the original Kaman (from the times of Sherdota) does not remain these days. They are extinct,” The Irrawaddy stated the remarks of U Zaw Aye Maung, Rakhine Ethnic Affairs minister in Yangon Region government.
The minister gave an example of the arrival of Portugese pirates at Thanlyin under the reign of Taungoo King Nat Shin Naung in 1610 regarding the existence of the original Kaman people. “ ..If so, can Portugese from the times of Nga Zinga (Portugese mercenary) demand their ethnicity?” the minister asked.
“The elder Arakanese people objected the inclusion of the name of Kaman under the tribe list. But, U Ne Win forced adding Kaman ethnicity in the list. There were about 2000 or 3000 Kaman people at that time. Their generations get married to people with the same religion who are illegal immigrant from Bangladesh.
That’s why Bengalis become Kaman and vice versa,” the minister said when The Irrawaddy asked him his comment on Kaman people.
U Zaw Aye Maung added that he invited Kaman people for the event held for Rakhine State Day, but it caused problems with Rakhine Buddhist monks, and he does not invite Kaman people to official ceremonies as an ethnic group.
“I invited Kaman elders to the event in Rakhine community hall. (They asked me) why did you invite Muslims here?,” he shared his experience.
The Irrawaddy removed some racist remarks of the interview a few hours after it posted on its website.