Saturday, January 19, 2019

ယခုဓါတ်ပုံဟာ ၂၀၁၃ ခုနှစ် မိထ္ထီလာပဋိပက္ခပြီးနောက် ဘာသာပေါင်းစုံမှ အိုးမဲ့အိမ်မဲ့ ဖြစ်သွားတဲ့ ဒုက္ခသည်တွေရဲ့ စားရေးသောက်ရေးအတွက် အလှူငွေပေးအပ်နေတဲ့ ပုံဖြစ်ပါတယ်။




ယခုဓါတ်ပုံဟာ ၂၀၁၃ ခုနှစ် မိထ္ထီလာပဋိပက္ခပြီးနောက် ဘာသာပေါင်းစုံမှ အိုးမဲ့အိမ်မဲ့ ဖြစ်သွားတဲ့ ဒုက္ခသည်တွေရဲ့
စားရေးသောက်ရေးအတွက် အလှူငွေပေးအပ်နေတဲ့ ပုံဖြစ်ပါတယ်။
ကျွန်တော်တို့ MM ရောင်နက်ဗလီမိသားစုမှ ကြီးမှူးပြီး မိထ္ထီလာမြို့ ချမ်းအေးသာယာ ရပ်ကွက်အတွင်း အိမ်အလုံး ၃၆၀ ခန့် ဆောက်နေဆဲကာလမှာ ဒုက္ခသည်တွေရဲ့ လတ်တလော စားရေးသောက်ရေး
ဖြေရှင်းဖို့ အတွက် အလှူငွေ ပေးအပ်နေခြင်းဖြစ်ပါတယ်။

အလှူငွေပေးအပ်နေတဲ့ နေရာဟာ မိထ္ထီလာမြို့ နန်းတော်ကုန်းရပ်ကွက် ဆက်သွယ်ရေးရိပ်သာ (ယာယီလူကယ်ပြန်ရုံးဝန်း) အတွင်းဖြစ်ပြီး လက်ခံရယူနေသူကတော့ မိထ္ထီလာမြို့ ရတနာမောင်ရပ်ကွက်မှာနေထိုင်တဲ့ ဦးဇော်လွင်ဦး ဖြစ်ပါတယ်။ ၎င်းအလှူငွေပေးအပ်ခြင်းမှာလည်း သက်ဆိုင်ရာ အစိုးရ တာဝန်ရှိသူများ၏ တရားဝင် ခွင့်ပြုချက်ဖြင့် ပေးအပ်ခဲ့ခြင်း ဖြစ်ပါတယ်။
ဒါကို ဇန်ဝါရီလ ၁၉ ရက်နေ့  ၂၀၁၉ ခုနှစ်ထုတ်တဲ့ #သူရိယနေဝန်းဂျာနယ် အတွဲ(၁) အမှတ်စဉ်(၂၃၃) မှာ ဒီဓါတ်ပုံကို အလွဲသုံးစားလုပ်ထားခြင်းဟာ မီဒီယာကျင့်ဝတ်မဲ့တဲ့လုပ်ရပ်ဖြစ်ပါတယ်။ မကြာသေးခင်ရက်ပိုင်းအတွင်းကလည်း Hla Swe အကောင့်မှ အဆိုပါပုံကို အသုံးပြု၍ ယခုကဲ့သို့ ပင် ထင်ယောင်ထင်မှားဖြစ်စေနိုင်သည့် လှုံဆော်ရေးသားမှုတွေ ပြုလုပ်ခဲ့ပါတယ်။
ယခုလို ရေးသားမှုများသည် အများပြည်သူ ထင်ယောင်ထင်မှားဖြစ်စေနိုင်ပြီး
ကျွန်တော့်၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ လွတ်လပ်မှုနှင့် လုံခြုံမှုကို ထိပါးစေသောကြောင့် တရားဥပဒေ နဲ့ အညီ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း အသိပေးအပ်ပါတယ်။
(မုဖ်သီ) မုဟမ္မဒ်အလီ
၁၉-၁-၂၀၁၉
စနေနေ့ 