Monday, December 24, 2018

ကုလအထူးကိုယ်စားလှယ်သစ်ကို ကြိုတင်ကြိမ်းမောင်းလိုက်တဲ့ဘာသာရေးအစွန်းရောက် ရဟန်းတော် ဦးဝီရသူ



မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂအထူးကိုယ်စားလှစ်သစ်ခရစ္စတင်းရှဝိန် နာဘာဂျီနာ ကိုစောင့်ကြည့်နေကြောင်းနဲ့ယခင်ကိုယ်စားလှယ်ဟောင်းယန်ဟီးလီကဲ့သို့ပြုမှုရင် မိမိအဆိုးမဆိုနဲ့လို့ ဘာသာရေး အစွန်းရောက်ဘုန်ကြီး ဦးဝီရသူက အစိုးရနဲ့ နိုင်ငံရေးသမားတွေကိုပါ ဦးတည်ပြီး သတိပေးကြိမ်းမောင်းလိုက်ပါတယ်။

“နောက်လူကို ဦးဇင်းစောင့်ကြည့်ပါဦးမယ်၊နောက်လူက ယန်ဟီးလီလိုပဲဆိုလို့ရှိရင် ဦးဇင်းအဆိုးမဆိုပါနဲ့လို့ အစိုးရကိုရော နိုင်ငံရေး သမားတွေကိုရော နိုင်ငံရေးဘုန်းကြီးတွေကိုရော ဦးဇင်းကြိုတင်ပြီးသတင်းပေးပါရစေ”လို့ ပြည်တွင်းအခြေစိုက် MCN သတင်းဌာနနဲ့တွေ့ဆုံမှုမှာ အမျိုးသားရေးအစွန်းရောက်ရဟန်းတော် ဦးဝီရသူက မိန့်ကြားလိုက်တာဖြစ်ပါတယ်။
မြန်မာအစိုးရကမြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်ဟားလှယ် မစ္စယန်ဟီးလီကို ပြည်ဝင်ခွင့်ပိတ်ပင်ခဲ့ပြီးနောက်ပိုင်း သူ့နေရာကို ဆွစ်လူမျိုး ခရစ္စတင်းရှဝိန် နာဘာဂျီနာ နဲ့ ကုလသမဂ္ဂက ယခုနှစ် ဧပြီလမှာ အစားထိုးတာဝန်ပေးအပ်ခဲ့တာဖြစ်ပါတယ်။
ဒီတွေ့ဆုံခန်းမှာ မြန်မာနိုင်ငံဆိုင်ရာကုလအထူးကိုယ်စားလှယ်ဟောင်း မစ္စယန်ဟီးလီကို သံတမန်ကျင့်ဝတ်နဲ့ မညီသူ၊ နိုင်ငံရေးပွဲစား၊ ရခိုင်ပြည်ကိုဖဲ့ရောင်းမယ့်သူအဖြစ်လည်း ဦးဝီရသူက စွပ်စွဲပြောကြားခဲ့ပြီး ဒီလိုအကြောင်းတွေကြောင့် ယန်ဟီးလီကို ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့တာဖြစ်ကြောင်းလည်း ယန်ဟီးလီကို “ဖာသည်မ” လို့သုံးနှုန်းခဲ့ပုံကို ရည်ညွန်းပြီး အမျိုးသားရေးအစွန်းရောက် ထေရ၀ါဒဘုန်းတော်ကြီးကပြောပါတယ်။
ဒါ့အပြင် ရခိုင်ပြည်နယ်မြောက်ပိုင်းက ရိုဟင်ဂျာတွေအပေါ်တပ်မတော်ရဲ့ ရက်စက်တဲ့စစ်ဆင်ရေးတွေနဲ့ ပတ်သက်လို့လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဆီထွက်ပြေးသွားရတဲ့ဒုက္ခသည်တွေရဲ့ ထွက်ဆိုချက်တစ်ခုတည်းနဲ့ တပ်မတော်ကို အရေးယူဖို့ နိုင်ငံတကာကဖိအားပြောဆိုနေတာတွေဟာသဘာဝမကျဘဲ ထွက်ဆိုချက်တွေဘယ်လောက်ရှိရှိ သက်သေမရှိရင် အမှန်လို့မဆိုနိုင်ဘူးလို့လဲ ဘာသာရေးအစွန်းရောက် ရဟန်းတော်ဦးဝီရသူက အထက်ပါတွေ့ဆုံခန်းမှာပြောကြားသွားခဲ့ပါတယ်။