Wednesday, April 19, 2017

ရခိုင်ပြည်နယ်မှာဖမ်းဆီးထားတဲ့ ကလေးသူယ်တွေကို လွှတ်ပေးဖို့ UNICEF တောင်းဆို

■ ရခိုင်ပြည်နယ်မှာ ဘာသာလူမျိုး ပဋိပက္ခတွေ ဖြစ်ပွားခဲ့ပြီးနောက် ဖမ်းဆီးထိန်းသိမ်းခံထားရသူ တွေထဲမှာ ပါဝင်နေတဲ့ ကလေးသူငယ်တွေကို ပြန်လွှတ်ပေးဖို့ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ UNICEF က မြန်မာအစိုးရကို တောင်းဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက ရခိုင်ပြည်နယ် ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်အတွင်းက လုံခြုံရေး ရဲကင်းစခန်းတွေ အကြမ်းဖက် တိုက်ခိုက်ခံခဲ့ရပြီးနောက် လုံခြုံရေးတပ်ဖွဲ့က လူ ၄ ရာကျော် ဖမ်းဆီးထိန်းသိမ်းထားရာမှာ၊ အဲဒီထဲမှာ အသက် ၁ဝ အရွယ် ကလေးတဦး အပါအဝင် ဆယ်ကျော်သက်အရွယ် ကလေးငယ် ၁၃ ဦး ပါဝင်နေတယ်လို့ UNICEF အဖွဲ့က ပြောပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး UNICEF လက်ထောက် အမှုဆောင်ညွှန်ကြားရေးမှူး ဂျပ်စတင်ဖောဆိုက်ရဲ့ မကြာသေးခင်က မြန်မာနိုင်ငံခရီးစဉ်အတွင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တို့နဲ့ ဆွေးနွေးခဲ့တယ်လို့ ပြောပါတယ်။ မြန်မာထိပ်တန်း ခေါင်းဆောင်တွေနဲ့ ဆွေးနွေးရာမှာ မြန်မာခေါင်းဆောင်တွေဘက်ကလည်း ဒီကိစ္စအရေးယူ ဆောင်ရွက်ပေးမယ့်အကြောင်း ပြောဆိုထားတယ်လို့ UNICEF အဖွဲ့ဲ့ရဲ့ 
ဌာနေကိုယ်စားလှယ် Bertrand Bainvel က ပြောပါတယ်။

Ref: RFA