Monday, April 24, 2017

ရွှေတိဂုံဘုရား အရှေ့ဘက်မုဒ်အနီးမှာ ဈေးရောင်းချနေတဲ့ အစ္စလာမ်ဘာသာဝင် ဈေးဆိုင်တွေကို သံဃာတချို့က ဈေးဆိုင်တွေကို ပိတ်သိမ်းခဲ့

ရွှေတိဂုံဘုရား အရှေ့ဘက်မုဒ်အနီးမှာ ဈေးရောင်းချနေတဲ့ အစ္စလာမ်ဘာသာဝင် ဈေးဆိုင်တွေကို သံဃာတချို့က ဈေးဆိုင်တွေကို ပိတ်သိမ်းခဲ့သလို ကိုယ်ထိလက်ရောက် ရိုက်နှက်မှုတွေ ရှိခဲ့တာကြောင့် အရေးယူပေးဖို့ အင်တာနက်မှာ လက်မှတ်တွေကောက်ယူနေပါတယ်။
ရရှိတဲ့လက်မှတ်တွေနဲ့ အတူ ရန်ကုန်တိုင်းအစိုးရက အရေးယူပေးဖို့ လူငယ်နှင့် လူမှုသယဇာတဖြစ်ရေးစင်တာက အဖွဲ့ဝင်တွေက ဝန်ကြီးချုပ်ထံတင်ပြသွားမှာ ဖြစ်ပါတယ်။
RFA သတင်းထောက် ကိုကျော်ထွန်းနိုင် ကတင်ပြထားပါတယ်။
ရိုက်ကူး - ကျော်ထွန်းနိုင်၊ အောင်သိင်္ခ/ RFA