Sunday, October 9, 2016

ဒေါ်အောင်ဆန်းစုကြည်နဲ့ Fareed Zakaria တို့ရဲ့သီးသန့်အင်တာဗျူးအပြည့်အစုံ

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို CNN သတင်းဌာနရှဲ့ အစီအစဉ်တင်ဆက်သူ Fareed Zakaria ကသီးသန့်အင်တာဗျူး မေးမြန်းထားတာကို 7Day TV က ပြန်လည်ရယူဖော်ပြပေးလိုက်ပါတယ်။
CNNသတင်းဌာနနဲ့သီးသန့်အင်တာဗျူးအစီအစဉ်ဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ်တာဝန်ထမ်းဆောင်ပြီးနောက်မှာ ဒေါ်အောင်ဆန်းစုကြည်အတွက် ပထမဆုံးအနေနဲ့ သတင်းဌာနတစ်ခုနဲ့ သီးသန့် အင်တာဗျူးလက်ခံတွေ့ဆုံတာ ဖြစ်ပါတယ်။

ဒီတွေ့ဆုံမေးမြန်းမှုအစီအစဉ်မှာ မြန်မာနိုင်ငံအတွက် ဗမာနဲ့ မြန်မာ အသုံးအနှုန်း၊ အစိုးရသစ်ရဲ့ လုပ်ဆောင်ချက်တွေ နဲ့ ရခိုင်ပြည်နယ်မှ လူမျိုးရေးပြသနာတွေ အပါအဝင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနာဂတ်ရည်မှန်းချက်စတဲ့ အကြောင်းအရာတွေ ကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ဖြေကြားပေးထားတာဖြစ်ပါတယ် ။
တွေ့ဆုံမေးမြန်းမှုအစီအစဉ်ကို CNN သတင်းဌာနကရယူပြီး 7Day TV က ပြန်လည်တင်ဆက်ပေးလိုက်တာ ဖြစ်ပါတယ်။
အောက်ပါလင့်ခ်များတွင်လဲ ၀င်ရောက်ကြည့်ရှုနိုင်ပါတယ်

News Source : CNN