News Highlights
Saturday, September 3, 2016
တပ်မတော်ကိုဆဲဆိုထားသည့် စာသားတွေရေးသားမှုအပါအ၀င် ပုဒ်မငါးခုဖြင့် သရုပ်ဆောင် ထွန်းငယ်ကို ထောင် ဒဏ်နှစ်နှစ်နှင့် ကိုးလချမှတ် (ရုပ်သံ)
တပ်မတော်ကို ညစ်ညမ်းစွာဆဲဆိုထားတဲ့ စာသားတွေ ရေးသားမှုအပါအ၀င် ပုဒ်မ ၅ ခုနဲ့ တရားစွဲဆိုခံ ထားရတဲ့ သရုပ်ဆောင် ထွန်းငယ်ကို ကမာရွတ်မြို့နယ် တရားသူကြီးကထောင်ဒဏ် ၂နှစ်နဲ့ ၉လချမှတ်ခဲ့ပါ တယ်။
သြဂုတ်လ၂၆ရက်နေ့ရုံး ချိန်းမှာ သရုပ်ဆောင်ထွန်းငယ် ကိုတရားစွဲဆိုထားတဲ့ ပုဒ်မတွေဖြစ်တဲ့ နိုင်ငံတော် အလံအက် ဥပဒေပုဒ်မ၁၆၊နိုင်ငံတော် အကြည်ညိုပျက် စေမှု ပုဒ်မ ၅၀၅(ခ)၊ အသရေဖျက်မှုပုဒ်မ ၅၀၀၊ ပုဒ်မ ၂၉၄၊ ပုဒ်မ ၂၉၅တို့နဲ့ အသီးသီးအမိန့်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။