■ မြန်မာနိုင်ငံက ရိုဟင်ဂျာမွတ်ဆလင် လူနည်းစုတွေကို နိုင်ငံသားဖြစ်ခွင့် ငြင်းပယ်တာ၊ အတင်း အဓမ္မခိုင်းစေတာ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တာတွေ အပါအဝင် အခွင့်အရေး ဆက်တိုက် ချိုးဖောက်နေ တာဟာ လူသားထုတရပ်လုံးအပေါ် ကျူးလွန်တဲ့ နိုင်ငံတကာရာဇဝတ်မှု မြောက်စေနိုင်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် Zeid Al Hussein က ဇွန်လ ၂ဝ ရက်နေ့က ပြောလိုက်ပါတယ်။ နယူးယောက် ကုလသမဂ္ဂရုံးချုပ်မှာ ၂ဝ ရက်နေ့ကထုတ်ပြန်တဲ့ ဒီအစီရင်ခံစာမှာ… မြန်မာအစိုးရသစ်က ဒီပြဿနာကို ဖြေရှင်းဖို့ ကြိုးစားနေတယ် ဆိုတဲ့သတင်းတွေ ကြားသိရတဲ့အတွက် အားတက်မိတယ်လို့လည်း ဖော်ပြထားပါတယ်။ ဒါပေမယ့် အစိုးရသစ်ဟာ လူ့အခွင့်ရေးချိုးဖောက်တဲ့ ဥပဒေနဲ့ မူဝါဒတွေ အသားကျနေတဲ့ အခြေအနေတရပ်ကို အမွေအဖြစ် ရရှိခဲ့တာဖြစ်ပြီး၊ ချိုးဖောက်မှုတွေအပေါ် အရေးမယူသရွေ့ ရှေ့ဆက်အကြမ်းဖက်တာတွေ ရှိလာဖို့ အားပေးသလို ဖြစ်နေကြောင်းလည်း မနေ့က ထုတ်ပြန်တဲ့ မြန်မာနိုင်ငံက လူနည်းစုလူ့အခွင့်အရေး ဆိုင်ရာအစီရင်ခံစာမှာ ထောက်ပြထားပါတယ်။
Ref: RFA Burmese