Friday, July 8, 2016

မူဆလင်တွေကို အကာကွယ်ပေးဖို့ EU တောင်းဆို

EU parliament urges Myanmar to protect Rohingya minority
မူဆလင်တွေကို အကာကွယ်ပေးဖို့ EU တောင်းဆို
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

■ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ မွတ်စလင်တွေအပေါ် ဖိနှိပ်နေတာတွေ အဆုံးသတ်ဖို့ EU ဥရောပပါလီမန်က ဇူလိုင်လ (၇) ရက်နေ့ မနေ့က တိုက်တွန်းလိုက်ပါတယ်။ ဒ့ါအပြင် ကုလသမဂ္ဂ၊ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေ၊ သတင်းထောက်တွေနဲ့ တခြား နိုင်ငံတကာလေ့လာသူတွေကို ရိုဟင်ဂျာ တစ်သိန်းနှစ်သောင်းခန့် နေရာရွှေ့ပြောင်း ထည့်သွင်းထားတဲ့ ဒုက္ခသည်စခန်းပေါင်း ၈ဝ ကျော်ကို သွားရောက်ခွင့်ပြုဖို့၊ လူမျိုးရေး ဘာသာရေး အမုန်းစကား၊ သွေးထိုးစကားတွေနဲ့ လှုံ့ဆော်နေသူတွေကို အရေးယူပေးဖို့၊ ရိုဟင်ဂျာတွေ အပေါ် ခွဲခြားဆက်ဆံမှုတွေကို တားဆီးတဲ့မူဝါဒတွေ ချမှတ်ဆောင်ရွက်ဖို့လည်း ဥရောပပါလီမန် အမတ်တွေက တောင်းဆိုပါတယ်။

Ref: Ref: Radio Free Asia (RFA Burmese News) www.rfa.org/burmese