Breaking News
############
ဖားကန့် လုံးခင်းကျေးရွာရှိ အစ္စလာမ်ဘာသာရေး
ဝတ်ပြုကျောင်း ချိတ်ပိတ်သိမ်းဖို့အတွက် သဘောတူထားသော်လည်း ဖျက်ဆီးခံရ
-----------------------------
ကချင်ပြည်နယ် ဖားကန့် လုံးခင်းကျေးရွာရှိ အစ္စလာမ်ဘာသာရေးဝတ်ပြုကျောင်းအား ယနေ့ ဇူလိုင်လ (၁) ရက်နေ့ ညနေ လေးနာရီခွဲ အချိန်တွင် လူအင်အား အများအပြား နှင့် ဘုန်းကြီးများ စတင်ဖျက်ဆီးနေကြောင်း သိရပါတယ်။ လုံခြုံရေး (၁၀၀) ကျော် ချထားသော်လည်း ထိန်းမရသည့် အခြေအနေသို့ ရောက်ရှိနေကြောင်း သိရပါတယ်။

ရဲများမှာလည်း ဖျက်ဆီးနေသည့် သူများကို ဝင်ရောက်တားဆီးခြင်းများလည်း မရှိကြောင်း ဒေသခံမျက်မြင် သက်သေတစ်ဦးက ပြောပါတယ်။
အဆိုပါ ဝတ်ပြုကျောင်းကို ယနေ့ ညနေ ခြောက်နာရီတွင် နောက်ဆုံးထားပြီး ချိတ်ပေးပေးရမည်ဖြစ်ကြောင်း သက်ဆိုင်ရာ အာဏပိုင်များက ပြောဆိုထားသော်လည်း ညနေ လေးနာရီခွဲအချိန်တွင် ဝတ်ကျောင်းတော်အား ဖျက်ဆီးခံနေရခြင်း ဖြစ်ပါတယ်။
Ref: M-Media