အစ္စလာမ်ဘာသာဝင်တစ်ဦးနှင့် ဗုဒ္ဓဘာသာဝင်တစ်ဦး ခိုက်ရန်ဖြစ်ပွားမှုကိုအခြေခံပြီး ဗလီဝတ်ကျောင်းတော်နှင့် မွတ်စလင်မ်ပိုင်အိုးအိမ်များကို မင်းမဲ့စရိုက်ဆန်စွာဖျက်ဆီးမှုတစ်ရပ် ဝေါမြို့နယ် သူရဲသမိန်ကျေးရွာတွင်ယနေ့နေ့လည် ကဖြစ်ပွားခဲ့သည်။
“ဗလီကိုဖြိုတယ်၊ မဒရဆာကိုဖြိုတယ်၊ ပြီးတော့ ကျွန်တော်တို့ (မွတ်စလင်မ်တွေ)ကိုလိုက်ရိုက်တယ်။ တချို့လယ်ကွင်းတွေထဲထွက်ပြေးတယ်၊ ကျတော်တို့က အရင်ဆုံးဆေးရုံထဲဝင်ပြေးကြတာ။ ဆေးရုံထဲကိုပါဝင်ပြီးဝိုင်းဖျက်ဖို့လုပ်တော့ ဆေးရုံထဲက ရဲစခန်းက လှမ်းခေါ်ထားလို့ စခန်းထဲမှာ အခုအထိ နေနေရတာ”ဟု လုံခြုံရေးအနေအထားအရ အမည်မဖေါ်လိုသူ အစ္စလာမ်ဘာသာဝင်တစ်ဦးကပြောသည်။
သူရဲသမိန်ကျေးရွာ အမှတ် ၂ ရပ်ကွက် တွင် “ဖိုး”စတား အိမ်ဆောက်ပစ္စည်းဆိုင်ဖွင့်လှစ်ထားသည့် ဟာဂျီ်ဦးရာရှစ်နှင့် အိမ်နီးချင်း ဗုဒ္ဓဘာသာဝင် ဦးမောင်ပြုံး ၊ အခြားအိမ်နီးခြင်း ခင်သီတာထွေးတို့ ခိုက်ရန်ဖြစ်ပွားပြီးနောက် ယနေ့နေ့လည် ၁ နာရီဝန်းကျင်မှစတင်ကာ အစ္စလမ်ဘာသာဝင်ပိုင် အိမ်ဆောက်ပစ္စည်းဆိုင်အား ဖြိုဖျက်မှုစတင်ခဲ့ပြီး အထက်ပါအတိုင်း အကြမ်းဖက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
“ကိုရာရှစ်ရဲ့ အိမ်ဆောက်ပစ္စည်းဆိုင်ကို စဖျက်တယ်။ ပြီးတော့
နေ့လည် ၁ နာရီလောက်မှာ ကတည်းကလူစုနေတာ၊ ၃ နာရီခွဲလောက်ကလေးတွေကျောင်းလွတ်ချိန်လည်းပြီးရော ကုလားတွေကိုသတ်၊ ကလေးကအစသတ်ဆိုပြီးတော့ ဗလီကိုပါဖြိုပစ်တာ”ဟု ရဲစခန်းတွင်ခိုလှုံနေရသူ သူရဲသမိန်ဒေသခံတစ်ဦးကပြောသည်။
နေ့လည် ၁ နာရီလောက်မှာ ကတည်းကလူစုနေတာ၊ ၃ နာရီခွဲလောက်ကလေးတွေကျောင်းလွတ်ချိန်လည်းပြီးရော ကုလားတွေကိုသတ်၊ ကလေးကအစသတ်ဆိုပြီးတော့ ဗလီကိုပါဖြိုပစ်တာ”ဟု ရဲစခန်းတွင်ခိုလှုံနေရသူ သူရဲသမိန်ဒေသခံတစ်ဦးကပြောသည်။
ဒေသခံအများစုပါဝင်သည့် အထက်ပါအကြမ်းဖက်မှုကြောင့် ဟာဂျီဦးရာရှစ် မှာ ဦးခေါင်းကွဲသည့် ဒဏ်ရာရရှိထားပြီး ယခုအချိန်တွင် ခိုက်ရန်စတင်ဖြစ်ပွားသည့် ၂ ဘက်အုပ်စုများကို ရဲစခန်းအတွင်း စစ်မေးလျှက်ရှိကြောင်း ဒေသခံမွတ်စလင်မ်တစ်ဦးက Myanmar Muslim Media သို့ ည ၉ နာရီ ၁၅ မိနစ်အချိန်တွင်ပြောသည်။
ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ် သူရဲသမိန်ကျေးရွာတွင် အစ္စလာမ်ဘာသာဝင် အိမ်ခြေ ၃၀ ကျော်နှင့် မွတ်စလင်မ် ၁၂၀ ၀န်းကျင်နေထိုင်သည်။အစ္စလာမ်ဘာသာဝင်များအားပစ်မှတ်ထားတိုက်ခိုက်သည့်အကြမ်းဖက်မှုဖြစ်သောကြောင့် သူရဲသမိန်ရွာအတွင်းအစ္စလာမ်ဘာသာဝင်များနေထိုင်နိုင်ခြင်းမရှိဘဲ ရဲစခန်းအတွင်း လူဦးရေ ၈၀ ၀န်းကျင်ခိုလှုံနေရပြီးအချို့မှာ အဆက်အသွယ်ပြတ်လျှက်ရှိကြောင်းလည်းသိရသည်။
“ဒီနေ့တော့ ၀ါဖြေ(ဥပုဒ်ထွက်)တာတောင် ရေသောက်ပြီးဖြေထားရတယ်။အခုအချိန်အထိဘာမှမစားရသေးဘူး”ဟု သူရဲသမိန်ကျေးရွာဒေသခံတစ်ဦးက ယနေ့ည ၈ နာရီကျော်တွင် Myanmar Muslim Media သို့ပြောသည်။
ဟိန်းအောင်
ဇွန် ၂၃၊ ၂၀၁၆
ဇွန် ၂၃၊ ၂၀၁၆
Ref : Myanmar Muslim Media