လှိုင်းဘွဲ့မြို့နယ် ကွမ်းတောကျေးရွာမှာ ရှိတဲ့ အင်္ဂလီကန် ခရစ်ယာန် ဘုရားကျောင်း ၀င်းထဲကို မေလ ၂ ရက် ညနေ ၅ နာရီ လောက်က မြိုင်ကြီးငူ ဆရာတော် ဦးသုဇနနဲ့ အတူ ရာနဲ့ချီတဲ့ လူစုလူဝေးကြီး ၀င်ရောက်လာပြီး ပြီးခဲ့တဲ့ ရက်ပိုင်းက တည်ခဲ့တဲ့ စေတီနားမှာ သစ်ပင်တွေခုတ်ထွင် ရှင်းလင်း ပဋ္ဌာန်းရွတ်ဆိုမှုတွေ လုပ်ခဲ့ကြပါတယ်။
အကြောင်းစုံကို ဖားအံ အင်္ဂလီကန် ခရစ်ယာန် သာသနာပိုင်ကြီး Bishop Stylo ကို မနေ့ညက ဆက်သွယ်မေးကြည့်ထားပါတယ်။
Ref: BBC (Burmese)