လူမှုကွန်ယက် ပေါ်မှာ လူသိများတဲ့ Kyat Pha Gyi(ကြက်ဖကြီး)အကောင့်ပိုင်ရှင် ဆိုပြီး ဖမ်းဆီးခံထားရ
လူမှုကွန်ယက် ပေါ်မှာ လူသိများတဲ့ Kyat Pha Gyi(ကြက်ဖကြီး)အကောင့်ပိုင်ရှင် ဆိုပြီး ဖမ်းဆီးခံထားရတဲ့ ဦးလှဘုန်းရဲ့ဇနီးဘာပြောခဲ့သလဲ(ရုပ်သံ)
သမ္မတနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ရဲ့ဓာတ်ပုံတွေကို ကွန်ပျူတာနဲ့ပြုပြင်ကာ သရော်ထား တဲ့ပုံတွေကို လူမှုကွန်ရက်ပေါ်မှာတင်ပြီး လူသိများတဲ့ Kyat Pha Gyi (ကြက်ဖကြီး)အကောင့်ပိုင်ရှင်လို့ ဆိုကာ မရမ်းကုန်းမြို့နယ်မှာနေထိုင်တဲ့ ဦးလှဘုန်းဆိုသူကို ဖေဖော်ဝါရီလ ၁၀ရက်နေ့က ဖမ်းဆီးခဲ့ပါတယ်။
ဖေဖော်ဝါရီလ ၁၅ရက်နေ့မှာတော့ စွပ်စွဲဖမ်းဆီးခံရတဲ့ ဦးလှဘုန်းကို မရမ်းကုန်းမြို့နယ် တရားရုံးမှာ ရုံးထုတ်ပြီး ရမန်ထပ်မံရယူခဲ့ကာ ရုံးချိန်းကို လာမယ့် ဖေဖော်ဝါရီလ ၂၄ရက်နေ့ကို ချိန်းဆိုလိုက်ပါတယ်။
ဦးလှဘုန်းဟာ သဘောင်္သားတစ်ဦးဖြစ်ကြောင်းသိရပြီး ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) နဲ့ ရန်ကုန်တိုင်းစစ်ဌာနချုပ်က ဒုတိယဗိုလ်မှူးကြီးစိုးဝင်းမော်က တရားလိုပြုလုပ်တိုင်ကြားခဲ့တာဖြစ်ပါတယ်။
Ref: Eleven