ဖေဖေါ်ဝါရီလ ၂၅ ရက်နေ့က ကချင်ပြည်နယ်မှာ ဘိန်းခင်းဖျက်ဖို့သွားတဲ့ Pat Jasan လို့အမည်ရတဲ့ ကချင်လူမှုအထောက်အကူပြု မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ကို လက်နက်ကိုင် လူတစုက ဝင်ရောက်တိုက်ခိုက်ခဲ့လို့ Pat Jasan အဖွဲ့က ၁၈ ယောက် ဆေးရုံတင်ရသလို တိုက်ခိုက်ခဲ့သူ ၂၁ ယောက်ကိုလည်း လူထုကဖမ်းပြီး ရဲလက်ကို အပ်ထားပါတယ်။
ဒီလိုတိုက်ခိုက်ခံရတာကို မကျေနပ်လို့ မြစ်ကြီးနားမြို့ပေါ်မှာ ဖေဖေါ်ဝါရီလ ၂၆ ရက် မနက်က လူထုထောင်နဲ့ချီ ဆန္ဒပြခဲ့ကြပါတယ်။
![]() |
| ဘိန်းခင်းဖျက်သူတွေတိုက်လိုက်ခံရတာကို မကျေနပ်လို့ မြစ်ကြီးနားမှာ လူထုဆန္ဒပြ |
အကူးအပြောင်းကာလမှာ ပြသနာတွေ ဖြစ်လာနိုင်တဲ့အတွက် ဆန္ဒပြသူတွေကို လူစုခွဲဖို့ မေတ္တာရပ်ခံတာကို လက်ခံပြီး လူစုခွဲသွားခဲ့ကြတယ်လို့
Pat Jasan အဖွဲ့က ဦးတူးရော်က ပြောပါတယ်။
တိုက်ခိုက်ခဲ့သူတွေထဲမှာ ပြည်သူစစ်အဖွဲ့ဝင်တွေနဲ့ အဖွဲ့ဝင်မဟုတ်သူတွေလည်းပါတယ်လို့ သူက ပြောပါတယ်။
ကချင်ပြည်နယ် အစိုးရက ဘိန်းခင်းဖျက်တာကို ဆက်လက်ကူညီဖို့ရှိပေမယ့် လုံခြုံရေးလုံလုံလောက်လောက်ပေးနိုင်တဲ့ အနေအထားမရှိဘူးလို့ ပြောခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအခြေအနေကို ပြည်ထောင်စုအစိုးရဆီ တင်ပြ အကူအညီတောင်းခံသွားမယ်လို့ နယ်လုံဝန်ကြီးက ပြောခဲ့တယ်လို့ ဦးတူးရော်က ပြောပါတယ်။
Pat Jasan အဖွဲ့ကို KIA က ကျောထောက်နောက်ခံပေးနေတယ်ဆိုတဲ့ ပြောဆိုမှုတွေရှိနေတဲ့အပေါ် မေးမြန်းရာမှာ ဦးတူးရော်က သူတို့ကျနော်တို့ဘက်က ရပ်တည်ပေးတယ်ဆိုရင်ကောင်းတာပေါ့ ၊သူတို့က အနှောင့်အယှက်မပေးတော့ဘူးပေါ့လို့ ပြန်ဖြေခဲ့ပါတယ်။
အခုလောလောဆယ်မှာ ဘိန်းခင်းဖျက်တာကို ရပ်ထားပြီး ပြည်ထောင်စုအစိုးရက ပေးလာမယ့် လုံခြုံရေးအကူအညီကို စောင့်နေတယ်လို့ ဆိုပါတယ်။
Ref: BBC Burmese
Ref: BBC Burmese
