ဖေဖော်ဝါရီ ၂၄ရက်နေ့မှာတော့ မနီလာသိန်းကို မရမ်းကုန်းတရားရုံးကို ခေါ်ဆောင်ခဲ့ပြီး တရားစွဲခဲ့ပါတယ်။ မနီလာသိန်းနဲ့အတူ သာယာဝတီထောင်နဲ့ အင်းစိန်ထောင်တွေမှာ ဖမ်းဆီးခံထားရတဲ့ မဖြိုးဖြိုးအောင်နဲ့ ကိုလင်းထက်နိုင်တို့ကိုလည်း ပူးတွဲစစ်ဆေးခဲ့ပါတယ်။ မနီလာသိန်းကတော့ အာမခံမယူဘဲ အမှုကိုရင်ဆိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။ မနီလာသိန်းကို တရားရုံးကနေ အင်းစိန်ထောင်ကို ခေါ်ဆောင်သွားခဲ့ပါတယ်။
မနီလာသိန်းဟာ ၈၈မျိုးဆက်အဖွဲ့က ကျောင်းသားခေါင်းဆောင် ကိုဂျင်မီရဲ့ ဇနီးဖြစ်ပြီး အရင်စစ်အစိုးရလက်ထက် ၂ဝဝ၇ခုနှစ် ရွှေဝါရောင်အရေးအခင်းမတိုင်ခင်မှာ ရင်ခွင်ပိုက်သမီးငယ်လေးကို မိဘအိမ်မှာ ထားခဲ့ရပြီး ဇနီးမောင်နှံနှစ်ယောက်စလုံး ထောင်သွင်းအကျဉ်းချခံခဲ့ရပါတယ်။ သူတို့ဟာ ၂ဝ၁၂ခုနှစ်မှာ ဦးသိန်းစိန်အစိုးရရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။
(ဓာတ်ပုံ - နန့်အိသူခိုင်/ကမာရွတ်မီဒီယာ)


