လွန်ခဲ့တဲ့ ၂ဝဝ၃ ခုနှစ်က မေလ ၃ဝ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်တွေရဲ့ ယာဉ်တန်း ဒီပဲယင်းမြို့၊ ကြည်ရွာကိုရောက်ရှိချိန်မှာ အင်အား နှစ်ထောင်လောက်ရှိမယ့် လူအုပ်စုက ဒေါ်အောင်ဆန်းစုကြည်ကို အကြမ်းဖက်လုပ်ကြံဖို့ ကြိုးစားခဲ့ပါတယ်။ အဲ့ဒီအချိန်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကားမောင်းသူ ကိုကျော်စိုးလင်းဟာ အသက်အန္တရာယ်ကနေ လွတ်မြောက်ဖို့ စွန့်စားပြီး ဖေါက်ထွက်ခဲ့သူ ဖြစ်ပါတယ်။ ကိုကျော်စိုးလင်းကို RFA သတင်းထောက် မဝေမာထွန်းက အဲ့ဒီအချိန်က အဖြစ်အပျက်တွေကို ဆက်သွယ်မေးမြန်းထားပါတယ်။