News Highlights
Thursday, December 24, 2015
၂၀၁၅ ရွေးကောက်ပွဲအတွက် ကန့်ကွက်လွှာများ ခုံရုံးဖွဲ့ စစ်ဆေးနေ
၂၀၁၅ ရွေးကောက်ပွဲအတွက် တင်သွင်းလာတဲ့ ကန့်ကွက်လွှာတွေကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှာ ခုံရုံးဖွဲ့ စစ်ဆေးနေပြီ ဖြစ်ပါတယ်။ ဒီဇင်ဘာ ၂၁ ရက်အထိ ကန့်ကွက်လွှာ တင်သွင်းလာတာ ၁၇ မှု ရှိပြီး ပြည်ခိုင်ဖြိုးက တင်သွင်းတာ ၁၁ မှု၊ အန်အယ်လ်ဒီက ၅ မှုနဲ့ တအာင်း(ပလောင်) ပါတီက ၁ မှု ဖြစ်ပါတယ်။ ဒီအမှုတွေမှာ ဒီဇင်ဘာ ၂၁ ရက်နေ့က ၃ မှုကို စတင် ကြားနာ စစ်ဆေးခဲ့ပြီး ဒီဇင်ဘာ ၂၂ ရက်နေ့မှာ ၁ မှု စစ်ဆေးခဲ့ပါတယ်။ ခုံရုံးဖွဲစစ်ဆေးရာမှာ ဘယ်သူမဆို လာရောက်ကြည့်ရှုလို့ရပေမယ့် ဓာတ်ပုံ၊ ဗွီဒီယိုရိုက်တာနဲ့ အသံဖမ်းတာကိုတော့ ခွင့်မပြုပါဘူး။ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွေမှာ ကန့်ကွက်လွှာ တင်သွင်းတာ ၃၃ ခု ရှိပြီး ၅ မှုပဲ အနိုင်ရခဲ့တာပါ။ လာမယ့် ဒီဇင်ဘာ ၂၈ ရက်မှာလည်း ကန့်ကွက်လွှာတွေကို ကြားနာဖို့ ရှိနေပါတယ်။
Ref: DVB
