ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်ကနေ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ရွေးကောက်ပွဲဝင်ဖို့ အမည်စာရင်းတင်သွင်းထားတဲ့ ဦးရွှေမောင်ကို ရွေးကောက်ပွဲ ဥပဒေပါ ပြဌာန်းချက်တွေနဲ့ ငြိစွန်းနေတယ်ဆိုပြီး ကန့်ကွက်သူတွေ ရှိနေပါတယ်။
အဲ့ဒီလိုကန့်ကွက်သူတွေရှိနေ
ဦးရွှေမောင်ကို ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်ကနေ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ရွေးကောက်ပွဲဝင်ဖို့ အမည်စာရင်းတင်သွင်း ကန့်ကွက်တာတွေ ရှိနေတယ်လို့ သိရပါတယ်။ ဘာကြောင့်များကန့်ကွက်တယ်လိ
ဦးရွှေမောင်။ ။ ကျနော်တော့ တရားဝင်တော့ မသိရသေးပါဘူး။ အကြမ်းဖျဉ်းသိရတာတော့ မောင်တော ခရိုင် လဝက ဦးစီးမှူး ဦးစောနိုင်က ကန့်ကွက်တယ်လို့ ပြောပါတယ်။ နောက်တခါ ရခိုင်အမျိုးသားတယောက်လဲ ကန့်ကွက်တယ်လို့ ကျနော်လဲ ကြားပါတယ်။ အတိအကျတော့ တရားဝင် မသိရသေးပါဘူး။ ကျနော်ရဲ့ မိဘ နှစ်ပါးက နိုင်ငံသား အရည်အချင်း မမှီဘူးဆိုပြီး သဘောမျိုးဆောင်တဲ့ စကားတွေ ပြောပြီး ကန့်ကွက်တယ်လို့ ကြားပါတယ်။
RFA။ ။ ရွေးကောက်ပွဲ ကော်မရှင်ကို ဆက်သွယ်ပြိး မေးမြန်းကြည့်တဲ့အခါ အန်ကယ်ကို ကန့်ကွက်ထားတဲ့ အချက်က နိုင်ငံသား မိဘ နှစ်ပါးက မွေးဖွားတဲ့ လူမဟုတ်တာကြောင့် ကန့်ကွက်တယ်လို့လဲ သိထားပါတယ်။ ဒါကရောဟုတ်ပါသလား။ အန်ကယ် ဒါနဲ့ ပတ်သက်ပြီး ဘာများ ပြောချင်ပါသလဲ ရှင်။
ဦးရွှေမောင်။ ။ ကျနော်ရဲ့ မိဘ နှစ်ပါး နိုင်ငံသား မဟုတ်ဘူးဆိုရင် ကျနော်ပြောချင်တာက ကျနော်လက်ရှိတရားဝင် လွှတ်တော်ကိုယ်စားလှယ် ၊ ၂၀၁၀ ကျနော်ရွေးကောက်ပွဲဝင်တုံးက
RFA။ ။ မိဘနှစ်ပါးဟာ နိုင်ငံသား ဖြစ်ကြောင်း အထောက်အထားတွေနဲ့ ပတ်သက်ပြိး ဘယ်လို အထောက်အထားတွေ ရှိပါသလဲ
ဦးရွှေမောင်။ ။ ကျနော်ရဲ့ အဖေဆိုရင် ၁၉၁၈ ခုနှစ်မှာ မွေးတာ၊ မြန်မာနိုင်ငံလွတ်လပ်ရေး ရကတည်းက ကျနော်အဖေက တိုင်းပြည်တာဝန်ကို ထမ်းဆောင်ခဲ့တယ်။ မြန်မာနိုင်ငံမှာ ပထမဆုံးပေးခဲ့တဲ့ အမျိုးသားမှတ်ပုံတင်၊ အဲဒိတုံးက မြန်မာတပြည်လုံမှာ ရှိတဲ့ တိုင်းရင်းသား၊ နိုင်ငံသား အားလုံးကို အမျိုးသားမှတ်ပုံတင် ၃ ခေါက်ချိုး နံပါတ် ၆ လုံးပါတဲ့ ကဒ်ကို ပေးခဲ့ပါတယ်။ ကျနော် အဖေ နံပါတ်ကတော့ AK-072352 အမေကတော့ AK-072353 ပြီးတော့ ကျနော် အဖေက မြန်မာနိုင်ငံရဲတပ်ဖွဲ့မှာ ပြန်တမ်းဝင် အရာရှိလဲ ဖြစ်တယ်။
RFA။ ။ အန်ကယ် တဆက်ထဲပါဘဲ အခုကြားနေရတာ အန်ကယ် ဦးရွှေမောင် အနေနဲ့ ဝှိုက်ကဒ်ကိုင်ထားတဲ့ သူ တစ်ဦးဖြစ်တယ်။ ဒါကရော ဟုတ်ပါသလား ၊ဒိအခြေအနေတွေ ကြောင့် ရွေးကောက်ပွဲဝင်ဖို့ အခက်အခဲ ရှိနိုင်လာနိုင်မလား
ဦးရွှေမောင်။ ။ ဝှိုက်ကဒ်ကိုင်ထားတဲ့ လူက ၂၀၁၀ ကတည်းက ရွေးကောက်ပွဲ ဥပဒေအရ ကိုယ်စားလှယ်လောင်းပြိုင်ခွ
RFA။ ။ အန်ကယ်အနေနဲ့ ပြည်ထောင်စုကြံခိုင်ရေးနဲ့ ဖွံ့ဖြိုးေ၇းပါတီကနေ နှုတ်ထွက်ပြီးတော့ တစ်သီးပုဂလပ် ဝင်ရောက်ယှဉ်ပြိုင်တာကြောင်
ဦးရွှေမောင်။ ။ အဲဒိလိုလဲ ကျနော် မပြောချင်ပါဘူး။ ဘာလို့လဲ ဆိုတော့ ကျနော် ယူဆတာကတော့ ၂၀၁၂ ခုနှစ် ဇွန်လနဲ့ အောက်တိုဘာလမှာ ဖြစ်ပေါ်ခဲ့တဲ့ ရခိုင်ပြည်နယ်က အကြမ်းဖက်မှု ပဋိပက္ခအလွန်မှာ ဖြစ်ပေါ်ခဲ့တဲ့ နိုင်ငံရေး ရာသီဥတုကြောင့်ပဲ ဒီလိုပြောတာဆိုတာတွေ ဖြစ်တယ်လို့ ကျနော် ယူဆပါတယ်။
RFA။ ။ အကယ်၍ များ ခ၇ိုင်ရွေးကောက်ပွဲ ကော်မရှင်က စိစစ်ပြီးတော့ ကိုယ်စားလှယ်လောင်းတင်သွင်
ဦးရွှေမောင်။ ။ ပြည်နယ်ကော်မရှင်ကို ဥပဒေနဲ့အညီ ကျနော် အယူခံဝင်ဖို့ ရှိပါတယ်။ ပြည်နယ်ကော်မရှင်က ပယ်လည်း ကျနော် ပြည်ထောင်စုရွေးကောက်ပွဲကော
RFA။ ။ အခုလိုဖြေကြားပေးတဲ့အတွက် အန်ကယ်ဦးရွှေမောင်ကို RFA မှကျေးဇူးတင်ပါတယ်။
ဦးရွှေမောင်။ ။ ဟုတ်ကဲ့ ကျနော်လည်း ကျေးဇူးတင်ပါတယ်။