အထူးသဖြင့် အစ္စလာမ်ညီအစ်ကိုများအနေနှင့် အခုလိုကမ္ဘာ့အခြေအနေ မြန်မာနိုင်ငံ အခြေအနေ၊ နေရထိုင်ရကျပ်တဲ့ အခြေအနေထဲမှာ အခုလို ဒီရမဇာန်ပွဲကိုလည်း အခက်အခဲ အမျိုးမျိုးကြားကနေထဲမှ မိမိတို့ပြုရမဲ့ဝတ်ကို မပျက်စီးစေဘဲ စောင့်ထိန်းနိုင်ကြသလို နောက်ဆုံး ဝါကျွတ် အီးဒ်ပွဲတော်ကို ကျင်းပနိုင်တဲ့ထိ အောင်အောင်မြင်မြင်နဲ့ ကျင်းပနိုင်ကြဖို့အတွက် ကျွန်တော့်အနေနဲ့ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။
=================================
ဒေါက်တာစောလှိုင်ဘွား
ဒါရိုက်တာ (Judson Research Center)
ပရော်ဖက်ဆာ (Department of Theology, Myanmar Institute of Theology)
အမှုဆောင်အဖွဲ့ဝင် (Religion for Peace)
အခုလိုအင်မတန်ထူးမြတ်လှတဲ့ ရမဇာန်လအခါသမယမှာ ကျွန်တော့်အနေနဲ့ နှုတ်ခွန်း ဆက်သခွင့် မေတ္တာပို့သခွင့် ရတဲ့အတွက်ပေါ့လေ အထူးပဲဝမ်းမြှောက်ဝမ်းသာဖြစ
်ရပါတယ်။
ပရိတ်သတ်အပေါင်းကိုလည်း ဘုရားရှင်ရဲ့ ငြိမ်းချမ်းတဲ့ မေတ္တာ ကရုဏာ ငြိမ်သက်ခြင်း သက်ရောက်ပါစေလို့ ပထမဆုံးဆုမွန်တောင်းပေးပါတယ
်။ ဒီရမဇာန်လဟာ အင်မတန်မှ ထူးမြတ်လှတဲ့လဖြစ်ပါတယ်။ နေ့စဉ်သွားလာလုပ်ကိုင်ဆောင်
ရွက်နေကြတဲ့အခါမှာ ကျင့်ဆောင်ရမဲ့ တရားတော်တွေကို ပိုပြီးတော့မှ နက်နက်ရှိုင်းရှိုင်း အလေးအနက်ထားပြီးတော့မှ ကျင့်သုံးနိုင်ဖို့အတွက် သတိပေးတဲ့ ဒီဥပုသ်လ အခါသမယဖြစ်ပါတယ်။
ဒါဟာ အစ္စလာမ် တစ်ဘာသာတည်းမှာပဲရှိတဲ့ ဥပုသ်မျိုးမဟုတ်ပါဘူး။ ဘာသာတိုင်းမှာထဲမှာရှိပါတယ်
။ ခရစ်ယာန်ဘာသာမှာလည်းရှိတယ်။
ခရစ်ယာန်ဘာသာက မြစ်ဖျားခံခဲ့တဲ့ ဂျူးဘာသာမှာ လည်းပဲရှိပါတယ်။
ဒီဥပုသ်အခါသမယမှာ အထူးသဖြင့် အစာရှောင်ပြီးတော့မှ မိမိကိုယ်ကိုမိမိပြန်လည်ဆင်
ခြင်ပြီး ဘုရားသခင်ရဲ့ သြဝါဒတွေကို တရားတော်တွေကိုပြန်လည်အောက်
မေ့ သတိရပြီးတော့မှ နှလုံးသွင်းရတဲ့ အခွင့်အရေးဟာ အင်မတန်မှ ထူးမြတ်လှပါတယ်။ အစာရှောင်ခြင်းအားဖြင့် မိမိရဲ့စိတ်နှလုံးကို စင်ကြယ်စေရာရောက်သလို တည်ငြိမ်အောင်ပြုလုပ်ရာရောက
်သလို ဘုရားရှင်နှင့်ပိုပြီး ရင်နှီးခွင့် နီးကပ်ခွင့်ကိုပေးတဲ့အပြင်က
ို လူသားအချင်းချင်းစာနထောက်ထာ
းတဲ့ မေတ္တာဂရုဏပွားနိုင်ဖို့အတွက
် ကူညီမစနိုင်ဖို့အတွက် အခွင့်အရေးတွေကိုလည်းပဲ ဒီဥပုသ်ကနေပြီးပေးတဲ့အနှစ်သ
ာရတွေဖြစ်ပါတယ်။
ဒါကြောင့်မို့ ကျွန်တော်တို့သမ္မာကျမ်းစာထဲ
မှာ ပရောဖက်တစ်ပါးက အထူးသဖြင့် ပရောဖက် အေရှာကပေါ့နော် ဘာပြောလဲဆိုတော့ ဘုရားသခင်နှစ်သက်တော်မှုတဲ့ အကောင်ဆုံး အစာရှောင်ခြင်းကတဲ့ မုဆိုးမတွေ မရှိဆင်းရဲတွေကို ပြုစုစောင့်ရှောက်ကျွေးမွေး
ခြင်း ၊ ကူညီမစခြင်းလို့ ပြောခဲ့တာရှိပါတယ်။
ကျွန်တော်သိရသလောက် အစ္စလာမ်မှာလည်း ဒီသွန်သင်ချက်ရှိပါတယ်။ အစာရှောင်ခြင်းရဲ့ အနှစ်သာရတစ်ခုက အထူးသဖြင့် မိမိနဲ့ဘုရားကြားမှာရှိတဲ့ ဆက်ဆံရေးကို တည်ဆောက်ရုံ သာမကပေါ့ မိမိအသက်ရှင်နေတဲ့ လူ့အသိုက်အဝန်းထဲမှာရော အထူးသဖြင့် နိမ့်ကျနေရတဲ့သူတွေ ဆင်းရဲနေတဲ့သူတွေကို ပြန်ပီးတော့ သတိရပြီးတော့မှ ကိုယ်စားမဲ့အစာတစ်လုတ်ကို သူတို့ကိုဝေမျှပေး လိုက်တာဆိုတဲ့ သဘောအများကြီး ပါပါတယ်။
ဒါဟာအင်မတန်တရားမျှတတဲ့ လူ့အဖွဲ့အစည်း တည်ဆောက်တဲ့နေရာမှာ အင်မတန်အရေးပါတဲ့ ဘာသာရေးပွဲ တစ်ခုဖြစ်တယ်လို့ ကျွန်တော်ပြောချင်ပါတယ်။
နောက်တစ်ချက်က ငြိမ်းချမ်းတဲ့ တရားမျှတတဲ့ လူ့အသိုက်အဝန်း တည်ဆောက်ဖို့အတွက် ဘာသာရေးဘက်က ဒီလိုမျိုးပွဲတွေကို ချမှတ်ပြီးတော့မှ သတ်မှတ်ထားတာဟာ လူသားအချင်းချင်းကြားထဲမှာ မေတ္တာ၊စေတနာ၊ ဂရုဏာ၊ မုဒိတာပွားနိုင်ဖို့ ဒီအနှစ်သာရနဲ့ ဒီဝတ်တွေကိုပြုကြဖို့ဖြစ်ပါ
တယ်။
ဒါကြောင့်ကျွန်တော် ဒီမှာပြောချင်တာကတော့ အထူးသဖြင့် ဒီရမဇာန်ပွဲမှာ မွတ်စလင် ညီအစ်ကိုများရဲ့ ဝတ်ဆောင့်ခြင်း အနှစ်သာရကနေ အများကြီးသင်ခန်းစာယူဖို့ရှ
ိပါတယ်။ ဒီရမဇာန်ပွဲမှာ ဗုဒ္ဓဘာသာ ညီအစ်ကိုများကိုရော၊ သံဃာတော်များကိုရော၊ ခရစ်ယာန် ဆရာတော်များကိုရော ဟိန္ဒူဆရာတော်များကိုရော ဖိတ်ကြားပြီး အတူတကွ ငြိမ်းချမ်းရေး အတွက် တစ်ဘာသာနှင့် တစ်ဘာသာ ချစ်ခင်လေးစား ပူးပေါင်းဆောင်ရွက်နိုင်ရေး
အတွက် ဒီအခြေခံကို ဒီရမဇာန်ပွဲအားဖြင့် တည်ဆောက်နိုင်ကြတာဟာ အင်မတန်မှ ချီးကျူးစရာ ဂုဏ်ယူစရာကောင်းတယ်လို့ ကျွန်တော်မြင်ပါတယ်။
အထူးသဖြင့် အစ္စလာမ်ညီအစ်ကိုများအနေနှင်
့ အခုလိုကမ္ဘာ့အခြေအနေ မြန်မာနိုင်ငံ အခြေအနေ၊ နေရထိုင်ရကျပ်တဲ့ အခြေအနေထဲမှာ အခုလို ဒီရမဇာန်ပွဲကိုလည်း အခက်အခဲ အမျိုးမျိုးကြားကနေထဲမှ မိမိတို့ပြုရမဲ့ဝတ်ကို မပျက်စီးစေဘဲ စောင့်ထိန်းနိုင်ကြသလို နောက်ဆုံး ဝါကျွတ် အီးဒ်ပွဲတော်ကို ကျင်းပနိုင်တဲ့ထိ အောင်အောင်မြင်မြင်နဲ့ ကျင်းပနိုင်ကြဖို့အတွက် ကျွန်တော့်အနေနဲ့ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။
--------------------------
--------------------------
--
မြန်မာနိုင်ငံတွင်း ဘာသာပေါင်းစုံမှ ခေါင်းဆောင်များ၏ ၂၀၁၅ ဝါကျွတ် အီးဒ်နှုတ်ခွန်းဆက်၊ ဆုတောင်း များအောက်ပါလင့်ခ်တွင် အပြည့်အစုံ ကြည့်ရှုနိုင်ပါသည်။
Ref :
M-Media