မြန်မာအစိုးရဟာ ပြုပြင်ပြောင်းလဲရေး ကတိတွေကို အကောင်အထည်ဖော်ဖို့ ပျက်ကွက်တဲ့အတွက် လုံခြုံရေး အကူအညီတွေ မပေးဖို့ ၊ နှစ်နိုင်ငံ စစ်ဖက်ဆက်ဆံရေးတွေ တင်းကြပ်ကန့်သတ်ဖို့ ဥပဒေကြမ်းတရပ်ကို
အမေရိကန် ပြည်ထောင်စု အောက်လွှတ်တော်နိုင်ငံခြားရေး ဆပ်ကော်မတီ မှာ တင်သွင်းလိုက်ပါတယ်။
အမေရိကန် ပြည်ထောင်စု အောက်လွှတ်တော်နိုင်ငံခြားရေး ဆပ်ကော်မတီ မှာ တင်သွင်းလိုက်ပါတယ်။
ဒီဥပဒေကြမ်းဟာ မြန်မာနိုင်ငံ ဒီမိုကရေစီဖော်ဆောင်ရေးအတွက် အထောက်အပံ့ဖြစ်စေမှာလား ဒါမှမဟုတ် အကြမ်းဖက် တိုက်ခိုက်မယ်လို့ ခြိမ်းခြောက်ခံ စာရင်းဝင် မြန်မာနိုင်ငံ လုံခြုံရေး စိုးရိမ်စရာတွေများ ပိုဖြစ်လာနိုင်မလားဆိုတာ အခုလာမယ့် စနေည တိုက်ရိုက်လေလှိုင်းမှာ ဆွေးနွေးကြရအောင်ပါ။
ဆွေးနွေးလိုသူတွေ ကြိုတင်ဆက်သွယ်နိုင်ကြပါတယ်။ ဗွီအိုအေမြန်မာပိုင်းရဲ့ဖုန်းနံပတ်က ၂၀၂ ၃၈၂ ၅၅၄ FAX နံပတ်က ၂၀၂ ၃၈၂ ၅၅၂ ဖြစ်ပြီး Email လိပ်စာကတော့ burmese@voanews.com ဖြစ်ပါတယ်။ တိုက်ရိုက်မပါဝင် မဆွေးနွေးနိုင်သူတွေ ဆွေးနွေးလိုတဲ့ အကြောင်းအရာကို လိုတိုရှင်း ရေးသားပြောကြားပြီး MP3 အသံဖိုင်နဲ့ပေးပို့နိုင်ကြပါတယ်။ ပါဝင်ဆွေးနွေးကြဖို့ သောတရှင်တွေကို ဖိတ်ခေါ်ပါတယ်။
News : VOA Burmese
