Saturday, October 12, 2013

မြန်မာပြည်၏ မွတ်စ်လင်မ် ဆန့်ကျင်ရေး အကြမ်းဖက်မှု နှင့် လူမြင်မခံ အင်အားစုများ (By Francis Wade)


အောက်တိုဘာ၊ ၁၁
စစ်တပ်သည် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးလမ်းကြောင်းမှ လက်လွှတ်ဆုတ်ခွာမည့် အနေအထား ရှိနေ၏။ ပြန်လည် ချုပ်ကိုင်ရေး အတွက် သွေးချောင်း စီးလမ်းကြောင်း ခင်းကျင်းခြင်းလည်း ဖြစ်နိုင်ပေသည်။
ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း အသက် ၉၄ နှစ်အရွယ် မွတ်စ်လင်မ်အမယ်အိုကြီးတစ်ဦးကို ဗုဒ္ဓဘာသာဝင်များမှ ရက်စက်စွာသတ်ဖြတ်ပြီးနောက်တွင် မြန်မာနိုင်ငံသမ္မတသည် အကြမ်းဖက်ခံဒေသထံသွားသော ပထမဆုံး ခရီးစဉ်အဖြစ် သံတွဲမြို့သို့ ရောက်ရှိခဲ့သည်။ ၄င်းအလျင် ၂ ရက်က မွတ်စ်လင်မ် နိုင်ငံရေး ခေါင်းဆောင်တစ်ဦး နှင့် ဆိုင်ကယ်တက္ကစီသမားတစ်ဦးအကြား အချင်းများကြခြင်းကို ခုတုံးလုပ်၍ အောက်တိုဘာ ၁ ရက်နေ့တွင် သံတွဲအနီးရှိ ယင်းအမယ်အို၏ရွာသို့ လူရမ်းကားအုပ်စု တစ်စု ရောက်လာ၏။ သူမ၏သမီးဖြစ်သူသည် လွတ်မြောက်သွားသော်လည်း ပြန်လာကြည့်ရှုသောအခါ ဦးခေါင်း၊ လည်ပင်း၊ ၀မ်းဗိုက်တွင် ဓားခုတ်ခံထားရသည့် မိခင်အိုနှင့်တစ်ကွ မီးကျွမ်းနေသော နေအိမ်ကိုသာ တွေ့လိုက်ရလေသည်။
အိမ်ခြေ ၁၀၀ နီးပါး မီးရှို့ခံရသည့် သံတွဲတိုက်ခိုက်မှုဖြစ်စဉ်၌ သံသယဖြစ်ဖွယ်ရာများရှိနေကြောင်း သမ္မတဦးသိန်းစိန်၏ ပြောကြားချက်ကို နိုင်ငံပိုင်မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြခဲ့သည်။ “ (ဗုဒ္ဓဘာသာဝင်) ရခိုင်တိုင်းရင်းသား နဲ့ ကမန်တိုင်းရင်းသား(မွတ်စ်လင်မ်) တို့ဟာ နှစ်များစွာကတည်းက ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်လာကြတာပါ။ ပြင်ပ ပယောဂကြောင့် အကြမ်းဖက်မှုနဲ့ ပဋိပက္ခတွေ ဖြစ်ပွားခဲ့ရတယ်။ လက်ဝယ်ရှိ အထောက်အထားအရ ရွာတွေကို မီးရှို့အကြမ်းဖက်သူများဟာ ပြင်ပကလာ သူများဖြစ်ကြောင်းတွေ့ရတယ် ” ဟု ပြောဆိုခဲ့၏။
လွန်ခဲ့သော ၁၆ လတစ်လျှောက်ဖြစ်ပွားခဲ့သော မွတ်စ်လင်မ်ဆန့်ကျင်ရေး အကြမ်းဖက်မှုများနှင့်ပတ်သက်၍ အကျွမ်းတ၀င်မရှိသူ တစ်ဦးအတွက်တော့ ယင်းပြောဆိုချက်မှာ..........
ဓါတ်ပုံ စာညွှန်း >>( ရိုဟင်ဂျာမွတ်စ်လင်မ်အား ဘင်္ဂါလီအဖြစ် သတ်မှတ်ပြီး လူမျိုးရေးသွေးချောင်းစီးမှုကို ဦးတည်နေကြသော ဗုဒ္ဓဘာသာဝင်ရခိုင်များ)

Read more
Ref : M-Media Website